မနေ့က မနက်တွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်အနီးတွင်လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုလေယာဉ်ပျက်ကျမှုတွင် (၁၂) ယောက်လုံး ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ပြီး နှစ်ဦးသာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချင်းပြီးကွယ်လွန်သွားသူများထဲတွင် ဆရာတော် (၂) ပါးလည်း ပါဝင်ခဲ့ပါတယ်။



ဆရာတော် (၂) ပါးဟာ အလှူရှင်ရဲ့ပင့်ဖိတ်မှုကြောင့် ပြင်ဦးလွင်ကျောင်းရှိ စာသင်တိုက်တစ်ခုအား ပန္နက်တင်မဟာအခမ်းအနားကျင်းပဖို့အတွက် ထွက်ခွာရင်း လမ်းခုလတ်တွင် ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျခဲ့ရတာ ဖြစ်ပါတယ်။ ဆရာတော်တစ်ပါးမှာ သက်တော် (၉၈) နှစ်ရှိပြီဖြစ်ပြီး သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးတွေမှာလည်း အမြင့်ဆုံးဆိုတဲ့ " အဘိဓဇ မဟာရဋ္ဌဂုရု " ဂုဏ်ထူးဘွဲ့ထူးရှင်တစ်ပါး ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ ဆရာတော်နှစ်ပါးလုံး ပျံလွန်တော်မူသွားတဲ့အတွက် ပြည်သူများအားလုံး ဝမ်းနည်းပူဆွေးနေကြရတာ ဖြစ်ပါတယ်။



မနေ့ည (၈) နာရီအချိန်တွင် ဆရာတော်နှစ်ပါးရဲ့ ရုပ်ကလပ်တော်များအား ပြင်ဦးလွင်မှ နေပြည်တော် ကုတင်(၁၀၀၀) ရေခဲတိုက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက် (၉) နာရီတွင် မြို့မဈေးကုန်းဆရာတော်ရဲ့ ရုပ်ကလပ်ကို ဈေးကုန်းကျောင်းတိုက်သို့ ပင့်ဆောင်မှာ ဖြစ်ပါတယ်။ ဈေးကုန်းဆရာတော်ကြီးရဲ့ အန္တိမဈာပနအခမ်းအနားကိုတော့ ဇွန်လ (၁၄) ရက် ၊ တနင်္လာနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ပျံလွန်တော်မူသွားသော ဆရာတော်နှစ်ပါးလုံး မြင့်မြတ်တဲ့ ဘုံဘဝသို့ ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader


