ပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားတွေများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/26/26051b3df4ccda001e827ec811815ffd12b09e5a.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၄ နှစ် က

ပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားတွေများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး အခက်အခဲတွေများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ မိုးတွင်းအချိန်အခါကို ရောက်ရှိနေပြီမို့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးဒဏ်၊လေဒဏ်အပြင် စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရကာ အရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြပါတယ်။ ပြည်သူတွေကလည်း စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးနေကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကတော့ စစ်ဘေးရှောင်တွေအဓိကလိုအပ်နေတဲ့ အဝတ်အစား၊အခြေခံစားသောက်ကုန်၊စောင်ခြင်ထောင်နဲ့ ဆေးဝါးပစ္စည်းတွေကို လှူဒါန်းနေကြပါတယ်။ ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းဝေါလေမြိုင်ဒေသက စစ်ရှောင်ပြည်သူတွေကတော့ ယနေ့မှာ သူတို့ဆီပြည်သူတွေလှူဒါန်းလိုက်တဲ့ အဝတ်အစားများစွာကို ဝမ်းသာအားရနဲ့ရွေးယူကြရင်း ပြုံးပျော်ရွှင်နေကြပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အပျော်ဟာ ပြည်သူတွေကိုပါ ကူးစက်စေပြီး ပြည်သူတွေကတော့ စစ်ဘေးရှောင်တွေရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ကာ ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပြည်သူတစ်ဦးကတော့ " စစ်ရှောင်ပြည်သူတွေက အဝတ်အထည်တွေကိုဝမ်းသာအားရ လက်ခံယူကြပါတယ်၊ ဒါပေမယ့် ကားခစျေးကြီးတယ်၊နောက်ထပ်တော့ လက်မခံတော့ပါဘူး၊AAC ဂေဟာမှာ တစ်ပုံကြီးရှိနေသေးတယ်၊အဝတ်အစားအလှူရှင်တွေကျေနပ်ပီတိဖြစ်စေရန်သာ တင်ပြခြင်းပါ...ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းဝေါလေမြိုင်ဒေသက စစ်ရှောင်ပြည်သူတွေ ပျော်ရွှင်စွာ အဝတ်တွေ ရွေးနေကြတာပါ။သံလွင်မြစ်နဲ့ သောင်းရင်းချောင်းဘေးမှာဘယ်လိုမှ သယ်ယူမနိုင်တော့လို့စွန့်ပစ်လိုက်ရတဲ့ အထည်တွေလည်းအများကြီးပါ....ပုံတွေ ပို့ပေးပါသော ဆရာတော်ဦးဇောတိက ကျေးဇူးပါ ခင်ဗျာ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ အဝတ်အစားတွေရွေးယူကြရင်း  ပြုံးပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T