ယခုလက်ရှိမှာတော့ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာ တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကလည်း ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြတာ ဖြစ်ပါတယ် ။ ကရင်ပြည်နယ်မှာဆိုရင်လည်း KNLA တပ်ဖွဲ့က သူတို့ဒေသအတွက် အစွမ်းကုန် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ် ။


ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ရဲ့ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကလည်း လက်အောက်ငယ်သားတွေနဲ့အတူ တိုက်ပွဲဝင်ပေးနေတာ ဖြစ်ပါတယ် ။ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက သူ့ရဲ့ရဲဘော်ရဲဘက်တွေအပေါ်မှာ တာဝန်ကျေပွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲရဲ့အကြောင်းကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။


စာထဲမှာတော့ General Baw Kyaw Heh က သူ့ရဲ့ရဲဘော်တွေနဲ့တန်းတူ နေထိုင်စားသောက်တဲ့အပြင် တိုက်ပွဲဝင်တဲ့နေရာမှာလည်း အတူတူပါဝင်လေ့ရှိတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူက ရဲဘော်တွေရဲ့လုံခြုံရေးအတွက် မနက်ကနေ ညအထိ ကိုယ်တိုင်အပင်ပန်းခံပြီး စောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ ရဲဘော်တွေအပေါ်မှာ ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံပေးတတ်တဲ့ ဒုစစ်ဦးချုပ် ဘောကျော်ဟဲက အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သာ သက်သေပြတတ်သူတစ်ဦးဖြစ်ကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။
Source & Photo Credit-Hon Solo's FB Page



