မနေ့ညက ဒလမြို့နယ်ရှိ ကမာကသွယ်ဗလီ ဟာဖိဇ်စာသင်ကျောင်း မီးလောင်နေမှုမြင်ကွင်းကို တိုက်ရိုက် Live လွှင့်ပြခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/ca/cabf9b6899bd9e9703deae1aff12b3247be500f4.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

မနေ့ညက ဒလမြို့နယ်ရှိ ကမာကသွယ်ဗလီ ဟာဖိဇ်စာသင်ကျောင်း မီးလောင်နေမှုမြင်ကွင်းကို တိုက်ရိုက် Live လွှင့်ပြခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယိုဖိုင်

လက်ရှိမှာတော့ တစ်ချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို တစ်ချို့နေရာတွေမှာလည်း ပေါက်ကွဲမှုတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ညဘက်တွေမှာ မီးလောင်မှုတွေလည်း ကြုံတွေ့နေရတာကြောင့် ပြည်သူတွေအနေနဲ့ ထိတ်လန့်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ (၉) ရက်နေ့ညကလည်း ရန်ကုန်တိုင်းဒေသကြီးရှိ ဒလမြို့နယ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့ညက ဒလမြို့နယ် ၊ ကမာကသွယ်ရပ်ကွက်တွင်းရှိ ဟာဖိဇ်(အစ္စလာမ်ဘာသာရေး) စာသင်ကျောင်းကို မီးလောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ည (၁၁)ခွဲလောက်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည (၁၂) နာရီနဲ့ (၄၅) မိနစ်ခန့်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတစ်ဦးကလည်း မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ကိုယ်တိုင်သွားရောက်ပြီး တိုက်ရိုက် Live လွှင့်ပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Zwe Thit's FB Acc
Photo Credit-Zwe Thit's FB Acc
Photo Credit-Zwe Thit's FB Acc
Photo Credit-Zwe Thit's FB Acc

ဗီဒီယိုထဲမှာတော့ စာသင်ကျောင်းတစ်ခုလုံး မီးအရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေခဲ့တာဖြစ်ပြီး မီးညွန့်လည်း အတော်ကြီးခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ ရေပုံးတွေ၊ ရေပိုက်တွေနဲ့ ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်နေကြတာကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ် ။ မနေ့ညက ဒလမြို့နယ်ရှိ ကမာကသွယ်ဗလီ ဟာဖိဇ်စာသင်ကျောင်း မီးလောင်နေမှုမြင်ကွင်းရဲ့Live ဗီဒီယိုဖိုင်ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Video Credit-Zwe Thit's FB Acc

Photo Credit-Zwe Thit's FB Acc
Photo Credit-Zwe Thit's FB Acc
Photo Credit-Zwe Thit's FB Acc
Photo Credit-Zwe Thit's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T