ကြက်တစ်ကောင်ရလို့ အရမ်းပျော်ပြီး သွေးသစ္စာသီချင်းကို အော်ဟစ်သီဆိုကာ ပျော်ပျော်ပါးပါး ကခုန်နေကြတဲ့ တောထဲက လူငယ်တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/8d/8d6dcdc6b794a9b98716cc47b7342cb7d9049410.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

ကြက်တစ်ကောင်ရလို့ အရမ်းပျော်ပြီး သွေးသစ္စာသီချင်းကို အော်ဟစ်သီဆိုကာ ပျော်ပျော်ပါးပါး ကခုန်နေကြတဲ့ တောထဲက လူငယ်တွေရဲ့ဗီဒီယိုဖိုင်

အခုချိန်မှာဆိုရင် ရဲစွမ်းသတ္တိရှိတဲ့ လူငယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်ပြီး ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ် ။ မြို့ကြီးပြကြီးတွေကို စွန့်ခွာပြီး တောထဲမှာ စစ်ပညာသင်ယူနေတဲ့ လူငယ်တွေက သူတို့ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့က ဒုက္ခမျိုးစုံကို ခါးစည်းခံပြီး ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် နေထိုင်စားသောက်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page

အခုလည်း ရဲဘော်တစ်ဦးက ကြက်တစ်ကောင်ရလို့ ပျော်နေကြတဲ့ တောထဲက လူငယ်တွေရဲ့ဗီဒီယိုဖိုင်ကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ "မြို့ပေါ်က လူတစ်ချို့ barတွေ clubတွေတက်ပြီး ပျော်နေကြချိန်မှာ တောထဲက လူငယ်တွေကတော့ ကြက်တစ်ကောင်ရလို့ ပျော်နေခဲ့ကြတယ်..." ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ် ။ လူငယ်တွေကတော့ သီချင်းတွေ ပျော်ပျော်ပါးပါးသီဆိုရင်း စိတ်အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page

ကြက်ကင်ကိုင်ထားတဲ့သူက ပုံစံမျိုးစုံနဲ့ ကပြဖျော်ဖြေနေသလို ကျန်တဲ့ရဲဘော်တွေကလည်း တီးဝိုင်းလုပ်ပြီး ဘေးကနေ အားပေးနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့အဖွဲ့က သွေးသစ္စာသီချင်းကို အားမာန်အပြည့်နဲ့ တညီတညာတည်း သီဆိုနေကြတာလည်း ဖြစ်ပါတယ် ။ ကြက်တစ်ကောင်ရလို့ ပျော်နေကြတဲ့ တောထဲက ရဲဘော်တွေကတော့ ဘဝအမောတွေကို ခဏမေ့ထားပြီး ရှိတာလေးနဲ့ အဆင်ပြေအောင် နေနေကြတာပဲ ဖြစ်ပါတယ် ။

Source & Video Credit-ဗိုလ်ဒညင်းသီး's FB Page

Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Photo Credit-ဗိုလ်ဒညင်းသီး's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T