ဖေဖော်ဝါရီ ၁ရက်နေ့က အာဏာသိမ်းခံလိုက်ရတဲ့အချိန်ကစပြီး လူငယ်တွေအပါအ၀င် ပြည်သူတွေဟာ စစ်မှန်သော ဒီမိုကရေစီပြန်ရဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ နေရာဒေသအသီးသီးမှာ ယနေ့အချိန်ထိ အမျိုးမျိုးသော ဆန္ဒပြမှုတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်လျက်ရှိပါတယ်။ မိုးရွာရွာနေပူပူ ပြည်သူတွေဟာ စစ်ကျွန်ပညာရေး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေကြပါတယ်။




နောက်ပိုင်းမှာ စစ်အာဏာရှင်ကြောင့် အသက်ဆုံးရှုံးမှုတွေများလာတဲ့အခါမှာ ပြည်သူ့ကာကွယ်ေရးတပ် PDF ဆိုတဲ့ အဖွဲ့အစည်းများ ပေါ်ပေါက်လာကာ လူငယ်တွေဟာလဲ စခန်း၀င်လေ့ကျင်မှုများ ရှိလာပါတယ်။ တောတောင်တွေထဲသို့ သွားခွင့်မရတဲ့ လူငယ်တွေကတော့ မိမိတို့နေထိုင်ရာဒေသမှာပဲ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါ၀င်လျက်ရှိပါတယ်။




အိမ်ပြင်ထွက်ခွင့်မရတဲ့လူငယ်တွေ ထွက်ဖို့ခတ်ခဲတဲ့လူငယ်တွေအနေနဲ့လည်း စစ်အာဏာရှင်ကို တိုက်ထုတ်လို့ရမယ့်နည်းတွေနဲ့ အိမ်တွင်းသပိတ်စစ်အာဏရှင်ဆန့်ကျင်ရေး ဆန္ဒပြပုံတွေကို ပြည်သူတွေအနေနဲ့ တွေ့ရှိကြရမှာပါ။ ခုဆိုရင်လည်း မိုးကုတ်မြို့ကလူငယ်တွေအပါအ၀င် ကလေးတွေပါ အိမ်တွင်းသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်ပုံတွေကို ပြည်သူတွေအတွက် ပြန်လည်မျှဝေရင်း နွေဦးသူရဲကောင်တွေလည်း ဘေးကင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Source & Photos Credit - Orginal Uploader










