ဇွန်လ(၈)ရက်နေ့ ည(၈)နာရီအချိန်လောက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မြို့သစ်ကလေးကျေးရွာရှိ စာသင်ကျောင်း တစ်ကျောင်းဟာ မီးလောင်မှုကြောင့် ပြာကျပျက်စီးခဲ့ရပါတယ်..။
အထက်တန်းကျောင်းကို မီးရှို့ပျက်စီးခဲ့တာဖြစ်ပြီး စာသင်ကျောင်း မီးလောင်ပြီး မကြာခင်မှာပဲ သေနတ်သံများလည်း ကြားရတယ်လို့ ဒေသခံပြည်သူတွေက ပြောပြထားပါတယ်..။


အဆိုပါကျောင်းမီးလောင်မှုကြောင့် ပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး သေနတ်သံများကြောင့် မီးကို အချိန်မှီ မငြိမ်းနိုင်ခဲ့ဘဲ ပြာကျပျက်စီးခဲ့ရတာ ဖြစ်ပါတယ်..။
ဖေဖော်ဝါရီလပိုင်းကတည်းက ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေမှာ လုံခြုံမှုမရှိ စိုးရိမ်မှုတွေနဲ့ ကြုံတွေ့ခံစားနေကြရတာဖြစ်ပြီး နေရာဒေသတော်တော်များများမှာလည်း မီးလောင်မှုတွေအပြင် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ..။


နယ်ဘက်တွေမှာ တိုက်ပွဲတွေပြင်းထန်နေကာ ဒေသခံပြည်သူတွေမှာ တောထဲတောင်ထဲ အန္တရာယ်အသွယ်သွယ်နဲ့ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအပြင် အရာရာခက်ခဲပင်ပန်းနေကြတာလည်း စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်..။
ရန်ကုန်နဲ့ အခြားမြို့တွေမှာလည်း လမ်းတံတား၊ ဈေး၊ ရုံး၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာပါ မီးလောင်မှုတွေနဲ့ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူတွေမှာ ပူပင်သောကတွေနဲ့ စိုးရိမ်နေကြရတာ ဖြစ်ပါတယ်..။
