စစ်မှန်တဲ့ ဒီမိုကရေစီကိုသာ လိုလားပြီး အာဏာရှင်စနစ်ကို အလိုမရှိကြောင်း လူအင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ထားဝယ်မြို့ကလူငယ်များ

//s9.kh1.co/99/9927200230d055fe4b1059d5cb6b594bd2bca38b.jpeg
နေ့စဉ်သတင်းများ

 ០៩-មិថុនា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

.......

တရားမျှတပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် အမှန်တရား ဘက်ကနေ ထောက်ခံကြတဲ့ ပြည်သူများက ဒီနေ့ ဒီအချိန်ထိ လူထုလှုပ်ရှားမှုတွေကို ကြိုးစားဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့ နဲ့ ကိုယ့်တိုင်းပြည် အကျိုးအတွက် လက်ရှိအာဏာ ရှင်စနစ်ကို မရရတဲ့နည်းနဲ့ ညီညီညွတ်ညွတ် တွန်းလှန်နေကြတာ ပဲဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ခုနောက်ပိုင်းမှာဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလည်း နေရာဒေသ အသီသီးမှာ ဖွဲ့စည်း ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိတို့ ရဲ့ ရည်မှန်းချက်တွေ ၊ အသက်တွေကို စတေးကာ အရာရာ စွန့်လွှတ် အနစ်နာခံပြီး ခုခံကာကွယ်ပေးနေကြ သူတွေလည်း ဖြစ်ပါတယ်။ သပိတ်တွေကို ဦးဆောင်လှုပ်ရှားနိုင်သူတွေက လှုပ်ရှားကြသလို တော်လှန် တိုက်ခိုက်နိုင်သူ​တွေကလည်း တိုင်းရင်းသား တွေဆီကို သွားရောက်ကာ စစ်သင်တန်း တက်ရောက်နေကြပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတွေကတော့ သွေးမအေးသွားသလို ရရာပုံစံမျိုးနဲ့ အာဏာရှင်စနစ်ကို တော်လှန်နေကြတာပါ ။ ယနေ့ ဇွန်လ (၉) ရက်နေ့မှာဆိုရင်လည်း ထားဝယ်က လူငယ်တွေ စုပေါင်းပြီး အာဏာရှင်စနစ်ကို အလိုမရှိကြောင်း လူအင်အားများစွာနဲ့  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ လက်သုံးချောင်းထောင်ကာ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားကြောင်း ရဲရဲဝင့်ဝင့်ပြသခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက် ထားဝယ်က ပြည်သူတွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T