အမေရိကန်နိုင်ငံ Taxas ပြည်နယ်မှာနေထိုင်တဲ့ Grace Novacheck လို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာ Escobar's syndrone လို့ခေါ်တဲ့ ထူးထူးဆန်းဆန်းရောဂါ အခြေအနေတစ်ခုနဲ့ မွေးဖွားလာခဲ့ပါတယ်။
ဒီရောဂါကြောင့်ပဲ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ထိန်းချုပ်ခံထားရသလို ဖြစ်ခဲ့ပြီး သာမန်လူတစ်ယောက်လို နေထိုင်ခွင့်မရခဲ့ပါဘူး။



သူမရဲ့မိဘတွေဖြစ်တဲ့ Sunny နဲ့ Marcus ကတော့
ငယ်ငယ်လေးထဲကနေ သမီးလေး Grace ကို သာမန်လူတစ်ယောက်လို နေထိုင်နိုင်ဖို့အတွက် ဆေးကုသမှုတွေ တောက်လျှောက်လုပ်ပေးခဲ့ကြပါတယ်။
Grace လေးဟာ အသက် ၁၄ နှစ်ရောက်ရှိလာတဲ့ ယခုအချိန်ထိ surgery ပေါင်း အခု ၃၀ လောက်လုပ်ထားခဲ့ရပြီး နာကျင်မှုတွေကို သည်းခံရင်းနေလာရသူ တစ်ယောက်ပဲဖြစ်ပါတယ်။
သူမရဲ့ဆေးကုသ ကုန်ကျစရိတ်အနေနဲ့ဆိုရင်လည်း $100,000 လောက်ရှိနေပြီလို့ သိရပါတယ်။



Grace ဟာ မေးရိုးခွဲစိတ်မှုတွေအပြင် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခွဲစိတ်ထားပေမယ့် မျက်နှာကလည်း စောင်းနေသလို ခြေလက်တွေကလည်း ပုံမှန်မဟုတ်တဲ့ အနေအထားနဲ့ နေထိုင်နေရသေးတာပဲ ဖြစ်ပါတယ်။
အနာဂတ်မှာလည်း သာမန်လူတစ်ယောက်လို နေထိုင်နိုင်ဖို့ဆိုတာ မသေချာပေမယ့် Grace ဟာ စိတ်ဓာတ်မာမာနဲ့ သူမရဲ့နေ့စဥ်ဘဝကို အလှဆုံးပြုံးထားရင်း ဖြတ်သန်းနေပါတယ်။
မိဘတွေအနေနဲ့လည်း စိတ်မကောင်းဖြစ်ရပေမယ့် သမီးလေးရဲ့မျက်နှာလေးကိုကြည့်ပီး စိတ်ချမ်းသာအောင် ထားပေးနေကြသလို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနေကြပါတယ်။




သတင်း အရင်းအမြစ်៖ Daily Mail





