ယခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ပြည်သူစုစုပေါင်း (၅၈၁၇) ခန့်ရှိနေပြီဖြစ်ကြောင်း (AAPP) က ထုတ်ပြန်ကြေညာထားပါတယ်။ အသက်ပေးလိုက်ရတဲ့သူတွေအတွက် ဝမ်းနည်းနေတဲ့ မိသားစုတွေရှိသလို အဖမ်းခံထားရတဲ့သူအတွက် ပူဆွေးသောကရောက်နေရတဲ့ မိသားစုဝင်တွေလည်း အမြောက်အမြားရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း သမီးတွေအတွက် ထောင်ပို့စာသွားပို့တဲ့ မိခင်တစ်ဦးရဲ့အဖြစ်က ပြည်သူတွေကိုပါ ထပ်တူထပ်မျှ ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ် ။

ဒီအန်တီကြီးရဲ့သမီးနှစ်ယောက်လုံးက အရုဏ်ဦးသပိတ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် မိခင်ဖြစ်တဲ့ အန်တီကြီးခမျာ သမီးနှစ်ယောက်စားဖို့အတွက် ငါးခြောက်ကြော်တွေ၊ လက်ဖက်နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေပြင်ဆင်ပြီး ထောင်ဝင်စာသွားပို့နေရတာပဲ ဖြစ်ပါတယ် ။ နေပူကြီးထဲမှာတောင် သမီးတွေအတွက် အထုပ်ဆွဲပြီး စားစရာတွေ သွားပို့ပေးနေတဲ့ မိခင်တစ်ဦးရဲ့ပုံရိပ်က မြင်ရသူတွေကိုပါ ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ် ။


ဒီပုံတွေကို မျှဝေခဲ့တဲ့ ပြည်သူတစ်ဦးကတော့ ဒီအန်တီကြီးရဲ့အကြောင်းတွေက သိသလောက်ပြောပြထားပါသေးတယ်။ သူ့ရဲ့ပြောပြချက်အရ အန်တီကြီးက ကျူးတန်းလေးမှာနေပြီး ကုန်စိမ်းရောင်းကာ အသက်မွေးနေရတဲ့ ပြည်သူတစ်ဦးပဲ ဖြစ်ပါတယ် ။ သူမရဲ့သမီးနှစ်ယောက်လုံးကလည်း အိမ်ထောင်ရေး အဆင်မပြေတဲ့မိခင်တွေဖြစ်ပြီး ကလေးငယ်လေးတွေနဲ့ ရပ်တည်နေရရှာတာ ဖြစ်ပါတယ် ။ အခုတော့ သမီးနှစ်ယောက်လုံး အဖမ်းခံလိုက်ရတာကြောင့် အန်တီကြီးခမျာ ကျူးတဲလေးမှာ မြေး(၃)ယောက်နဲ့ ဒုက္ခရောက်နေရပြီပဲ ဖြစ်ပါတယ် ။ ပြည်သူတွေကတော့ ဒီအကြောင်းကိုကြားပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader









