မန္တလေးမြို့မှာ ကျဆုံးခဲ့တဲ့သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ကြယ်စင် (ခ)ကျားရှီကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ အခုချိန်အထိတိုင်အောင်နေရာယူထားဆဲ ဖြစ်ပါတယ် ။ ကြယ်စင်က (၃.၂.၂၁) နေ့မှာကျဆုံးခဲ့တာဖြစ်ပြီး အခုဆိုရင် သူမကွယ်လွန်သွားခဲ့တာ (၃) လကျော်ခန့်ရှိနေပြီ ဖြစ်ပါတယ် ။ နောက်ဆုံးအချိန်အထိ တိုင်းပြည်အပေါ် တာဝန်ကျေပွန်သွားခဲ့တဲ့ သူရဲကောင်းမလေး ကြယ်စင်ရဲ့လုပ်ရပ်တွေက တကယ့်ကိုလေးစားဂုဏ်ပြုထိုက်တာပဲ ဖြစ်ပါတယ် ။


ကြယ်စင်က ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ဖို့အတွက် အန္တရာယ်တွေကြားကနေ ရှေ့တန်းမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့တာဖြစ်ပြီး ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အသက် (၁၉) နှစ်အရွယ်လေးနဲ့ လူ့လောကထဲက စောစီးစွာ ထွက်ခွာသွားခဲ့ရတဲ့ သူရဲကောင်းမလေးက သူမရဲ့ခန္ဓာကိုယ်ကိုပါ ပေးလှူခဲ့သေးတာ ဖြစ်ပါတယ် ။ အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ကြယ်စင်ရဲ့ပုံလေးတွေက ပြည်သူတွေကို ပိုသတိရစေခဲ့တာ ဖြစ်ပါတယ် ။



ကိုယ်တိုင်သီချင်းဆိုသလို အကကိုလည်း ဝါသနာပါတဲ့ ကြယ်စင်လေးက အနုပညာကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပါတယ် ။ အခုလည်း ကြယ်စင်လေးငယ်ငယ်က အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ် ။ ကြယ်စင်လေးကတော့ ထက်ထက်မိုးဦး၊ မိုးယုစံ၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ အမှတ်တရပုံလေးတွေ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader








