ဆရာဝန်လောင်းလေး ခန့်ညားဟိန်းရဲ့ ကလေးဘဝကပုံရိပ်လေးတွေကို တွေ့မြင်ပြီး အသက်ပေးလိုက်ရလို့ နှမျောနေကြတဲ့ ပြည်သူများ

//s9.kh1.co/f5/f58450c61f03fb554dd50c5c2df68f6f4870b4b2.jpeg
နေ့စဉ်သတင်းများ

 ၀၇-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

ဆရာဝန်လောင်းလေး ခန့်ညားဟိန်းရဲ့ ကလေးဘဝကပုံရိပ်လေးတွေကို တွေ့မြင်ပြီး အသက်ပေးလိုက်ရလို့ နှမျောနေကြတဲ့ ပြည်သူများ

လက်ရှိအခြေအနေကြောင့်ဖြစ်ပေါ်လာတဲ့ ဒုက္ခဆင်းရဲမျိုးစုံကို အလွှာအသီးသီးက ပြည်သူတိုင်းနီးပါး ခံစားနေရတာပဲဖြစ်ပါတယ်။တချို့အိမ်ထောင်စုတွေမှာဆိုရင် မိမိတို့ရဲ့မိသားစုဝင်တွေကို အပြီးတိုင်ခွဲခွါလိုက်ရလို့ ယနေ့အချိန်ထိ သတိရတမ်းတကာ ပူဆွေးဝမ်းနည်းနေကြဆဲပဲဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းတွေထဲမှာပညာတတ်လူငယ်လေးတွေလည်း အများအပြားပါဝင်နေတာကြောင့် နိုင်ငံအတွက် အားကိုးအားထားပြုလို့ရမယ့်သားကောင်းရတနာလေးတွေကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။      

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေထဲမှာ ဆေးလောက က လူငယ်လေးတွေလည်း ပါဝင်နေတာဖြစ်ပြီးဆရာဝန်လောင်းလေး ခန့်ညားဟိန်းကတော့ မတ်လ (၁၄) ရက်နေ့မှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။မောင်ခန့်ညားဟိန်း ကျဆုံးတဲ့အချိန်မှာ အသက် (၁၇)နှစ်ကျော် အရွယ်သာရှိပြီး ဆေးကျောင်း ပထမနှစ်တက်ရောက်နေတာဖြစ်ပါတယ်။မောင်ခန့်ညားဟိန်းရဲ့ မိခင်ကတော့ သားလေးကို ပိုးမွေးသလိုမျိုး တယုတယနဲ့ ပြုစုစောင့်ရှောက်လာပြီးပညာအမွေကိုပေးခဲ့ပေမယ့် သားလေးဆရာဝန်ဖြစ်တာကို မမြင်လိုက်ရတော့လို့ နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ခန့်ညားဟိန်းရဲ့ နောက်ဆုံးခရီးကိုလည်း ဆေးလောက က သူငယ်ချင်းတွေနဲ့ ပြည်သူတချို့က ဝမ်းနည်းစွာလိုက်ပါပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။မောင်ခန့်ညားဟိန်း ကျဆုံးသွားတာ (၂)လကျော် ကြာသွားပြီဖြစ်ပေမယ့် ပြည်သူလူထုကတော့ ဘယ်တော့မှ မမေ့ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မောင်ခန့်ညားဟိန်းရဲ့ ကလေးဘဝက ပုံရိပ်လေးတွေကို ပြည်သူတွေက တွေ့မြင်ပြီး ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။ကလေးဘဝကတည်းက အမြဲပြုံးနေတတ်ပြီး လူချစ်လူခင်ပေါများတဲ့ မောင်ခန့်ညားဟိန်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T