ဝရမ်းထုတ်ခံထားရပေမယ့် ညသပိတ်မှာ ရုပ်ဖျက်ပြီး ပါဝင်အားဖြည့်ကာ ဘေးလူတွေလာနှုတ်ဆက်လို့ညတွင်းချင်းနေရာပြောင်းရတဲ့ ဒေါက်တာတေဇာဆန်း

//s9.kh1.co/7a/7a6a77bf2422606de7d6b3b7334c98bb1bfa2dcc.jpeg
နေ့စဉ်သတင်းများ

 ၀၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ဝရမ်းထုတ်ခံထားရပေမယ့် ညသပိတ်မှာ ရုပ်ဖျက်ပြီး ပါဝင်အားဖြည့်ကာ ဘေးလူတွေလာနှုတ်ဆက်လို့ညတွင်းချင်းနေရာပြောင်းရတဲ့ ဒေါက်တာတေဇာဆန်း

လက်ရှိအခြေအနေကြီးကတော့ ပြည်သူတွေရဲ့ ဇွဲကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးအားကောင်းလာနေတာဖြစ်ပါတယ်။ရရာလက်နက်ကိုစွဲကိုင်ပြီး တော်လှန်နေကြတဲ့ လူငယ်တွေရဲ့ သတ္တိကလည်း အရမ်းလေးစားဖို့ကောင်းပါတယ်။ဒီကာလမှာဆိုရင် ပြည်သူတိုင်းနီးပါးက နိုင်သလောက်ဝန်ကိုမျှထမ်းပေးပြီး သွေးမအေးကြသေးတာဖြစ်ပါတယ်။မနေ့ကတော့ ရန်ကုန်နဲ့ မန္တလေးအပြင် တခြားမြို့နယ်တွေမှာပါ လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။   

Photo Credit:TayZar San’s FB acc 
Photo Credit:TayZar San’s FB acc 
Photo Credit:TayZar San’s Facebook Acc
Photo Credit:TayZar San’s Facebook Acc
MPS Pressphoto 
MPS Pressphoto 

မန္တလေးမြို့က ဒေါက်တာတေဇာဆန်းဆိုရင်လည်း ဖေဖော်ဝါရီလအစကတည်းက လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေပါဝင်အားဖြည့်ပေးတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဒေါက်တာတေဇာဆန်းက ဖမ်းဝရမ်းထုတ်ခံထားရပြီးနေအိမ်မှာမနေဘဲ လုံခြုံစိတ်ချရတဲ့နေရာမှာ ရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။မနေ့ညကဆိုရင်တော့ဒေါက်တာတေဇာဆန်းက ရွှေမန်းမြေမှာ အသံမတိတ်၊အလံမလိပ်တဲ့ ညသပိတ်တစ်ခုကို အားကြိုးမာန်တက် ပါဝင်ဆင်နွှဲလိုက်သေးတာဖြစ်ပါတယ်။

MPS Pressphoto 
MPS Pressphoto 
Photo Credit:TayZar San’s FB Acc
Photo Credit:TayZar San’s FB Acc

ကိုတေဇာဆန်းကတော့ သူ့ကိုယ်သူရုပ်ဖျက်ထားတယ်လို့ပြောပေမယ့် ဘေးကလူတွေလာနှုတ်ဆက်လို့ညတွင်းချင်း နေရာအမြန်ပြောင်းခဲ့ရတယ်ဆိုပြီး အရွှန်းဖောက်ရေးသားထားတာဖြစ်ပါတယ်။ဝရမ်းအထုတ်ခံထားရတာတောင် အခုလိုမျိုး သတ္တိအပြည့်နဲ့ လူထုလှုပ်ရှားမှုတွေမှာ တတ်နိုင်သလောက်ပါဝင်ပေးတဲ့ ဒေါက်တာတေဇာဆန်းရဲ့စိတ်ဓာတ်က အရမ်းလေးစားဖို့ကောင်းပါတယ်။မနေ့ညက မန္တလေးမှာ ပြည်သူတွေပြုလုပ်ခဲ့တဲ့ ညသပိတ်ပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:TayZar San’s FB Acc
Photo Credit:TayZar San’s FB Acc
Photo Credit:TayZar San’s FB Acc
Photo Credit:TayZar San’s FB Acc
Photo Credit:TayZar San’s FB Acc
Photo Credit:TayZar San’s FB Acc

Source&Photo Credit: TayZar San’s FB Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T