လူရွှင်တော် တိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့ဝင်များဟာ လွတ်မြောက်နယ်မြေတစ်နေရာတွင်စစ်သင်တန်းတက်ရောက် သင်ကြားနေကြတာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ကြားကနေ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုပြည်သူတွေ သိရှိနိုင်အောင် ပုံလေးတွေ ဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေမားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့ ဟားငါးကောင် အဖွဲ့ဝင်များကို အားလုံးက လေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။
မနေ့ညကလည်း တိုင်းကျော်ရဲ့ လူမှုကွန်ယက်တွင် ပြည်သူတွေအတွက် သူစိုးရိမ်ပူပန်နေသော အရာတစ်ခုအားဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့ကို စိတ်ပူနေကြသူများအား အရမ်းကြီး မစိုးရိမ်ကြရန်နဲ့ ပြည်သူတွေသာ အန္တရာယ်ကင်းအောင် နေကြရန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ အောင်မြင်သင့်သလောက် အောင်မြင်ပြီးပြီဖြစ်တာကြောင့် အောင်မြင်မှုအတွက် ပြည်သူတွေကို ဘယ်တော့မှ ချနင်းမှာ မဟုတ်ကြောင်းကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။
" ကျွန်တော် တို့ ပုံ တွေတင်တာ အန္တရာယ်များတာပေါ့။ ခင်ဗျားတို့ အန္တရယ်ကို နည်းနည်းလေး ခွဲယူရုံပါ။ကျွန်တော်တို့က ခင်ဗျားတို့ ကျွေးတာ တစ်သက်လုံးစားခဲ့တာ ခင်ဗျားတို့သာ အန္တရာယ်ကင်းအောင်နေ ပေးပါ။ကျွန်တော်တို့ကို မပူနဲ့ ကျွန်တော်တို့မိသားစုကို မပူနဲ့ ကျွန်တော်တို့ပဲ ခင်ဗျားတို့ကို ပူပါရစေ။ ကျွန်တော်တို့ကအောင်မြင်သင့်သလောက် အောင်မြင်ပြီးသားပါ။ အောင်မြင်မှုအတွက် ပြည်သူကို ချမနင်းဘူး ကျွန်တော် ပူတာတစ်ခုပဲ ခင်ဗျားတို့ ပျော်အောင် ကျွန်တော် တို့ ပြက်လုံး ပြက်ပြခွင့်မရတော့မှာဘဲ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဓမ္မဘက်က ရပ်တည်ကြသူများကတော့ တော်လှန်ရေးအတွက် သူတို့ တတ်နိုင်တဲ့ ဘက်ကနေပါဝင်ဆောင်ရွက်ပေးနေတာကို မြင်တွေ့ရသည်မှာ အားတက်စရာကောင်းလှပါတယ်။ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင်နေကြသူအားလုံး ဘေးအန္တရာယ် ကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Taingkyaw’s Facebook Page