ကျန်ရစ်သူမိသားစုအတွက် တစ်ထပ်တိုက်အိမ်လေးကို ဆောက်လုပ်ပေးပြီး ကျဆုံးသူရဲကောင်းလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတဲ့ ပြည်သူများ

//s9.kh1.co/8d/8d96ac69849743dd85143350dc0fed18c9b512cb.jpeg
နေ့စဉ်သတင်းများ

 ၃၁-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၅ နှစ် က

ကျန်ရစ်သူမိသားစုအတွက် တစ်ထပ်တိုက်အိမ်လေးကို ဆောက်လုပ်ပေးပြီး ကျဆုံးသူရဲကောင်းလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတဲ့ ပြည်သူများ

ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ လှည်းတန်းလမ်းမပေါ် ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေး မောင်ဇင်လင်းထက်ကမျက်လုံးတစ်ဖက်ကို ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။မောင်ဇင်လင်းထက်ကတော့ လူထုလှုပ်ရှားမှုမှာ ရှေ့ဆုံးကနေဒိုင်းကာပေးရင်း ဖြိုခွင်းမှုတွေကို မကြောက်မလန့် ရင်ဆိုင်ခဲ့ပေမယ့် အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။မောင်ဇင်လင်းထက်ရဲ့နောက်ဆုံးခရီးကိုလည်း ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ကြပြီး ကျန်ရစ်သူမိသားစုနဲ့ထပ်တူအခုချိန်ထိ သတိရအောက်မေ့နေကြတာပဲဖြစ်ပါတယ်။      

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ဇင်လင်းထက်ရဲ့ မိသားစုဝင်တွေကတော့တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတွေဖြစ်တာကြောင့်စေတနာရှင်ပြည်သူတစ်စုက ကူညီလှူဒါန်းပေးကြတာဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်း စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ တတ်နိုင်သလောက်ပါဝင်လှူဒါန်းပြီး ကူညီဖေးမပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အလှူရှင်တွေရဲ့စုပေါင်းအလှူနဲ့ မောင်ဇင်လင်းထက်ရဲ့မိသားစုအတွက် အဆင်ပြေပြေနေထိုင်လို့ရအောင်အိမ်လေးတစ်လုံးဆောက်လုပ်ပေးကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက်ကိုတောင်ပေးပြီး စွန့်လွှတ်အနစ်နာခံသွားတဲ့ သူရဲကောင်းလေးရဲ့ မိသားစုကို အခုလိုမျိုးကူညီပေးကြတာဝမ်းသာပီတိဖြစ်မိပါတယ်။အိမ်လေးကလည်း တစ်ထပ်တိုက်လှလှလေးဖြစ်ပြီး သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်လေးဖြစ်ပါတယ်။ပြည်သူလူထုတွေရဲ့ စေတနာကြောင့် ကျိုက်ထိုသူရဲကောင်းလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။မေတ္တာအပြည့်နဲ့ သေချာစီစဉ်ပြီး ဆောက်လုပ်ပေးထားတဲ့ မောင်ဇင်လင်းထက်ရဲ့ ကျန်ရစ်သူမိသားစုအတွက် အိမ်လှလှလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T