MMA လက်ဝှေ့ကစားသမားတစ်ဦးဖြစ်တဲ့ ဖိုးသော်ကတော့ ဗုံးပေါက်ကွဲမှုမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ မေလ(၅)ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ယူရိုးပီးယားတာဝါ ဗုံးပေါက်ကွဲမှုမှာ ဖိုးသော်က အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်..။


ယူရိုးပီးယားတာဝါကတော့ MMA သင်တန်းနဲ့ အားကစားခန်းမ (GYM) လည်း ဖွင့်ထားပြီး ဖိုးသော်ကိုယ်တိုင် လေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်တဲ့ နေရာလည်းဖြစ်တယ်လို့လည်း သိရပါတယ်..။
ဖိုးသော်ကတော့ အဆိုပါဗုံးကွဲမှုဖြစ်စဉ်ကြောင့် အမှတ်(၂)စစ်ဆေးရုံမှာ လက်ရှိဆေးကုသမှုခံယူနေတာဖြစ်ပြီး ဖခင်ဖြစ်သူ ဦးအောင်နိုင်ကိုယ်တိုင် ပြုစုပေးနေတာလည်း တွေ့ရပါတယ်..။


အောင်မြင်တဲ့ MMA ကစားသမားဖြစ်တဲ့ ဖိုးသော်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးအတွင်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားကာ တတ်နိုင်သလောက် အားလုံးနဲ့အတူ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်..။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတွေကို ဆေးကုသမှုခံယူနေရတဲ့ ဖိုးသော် တစ်ယောက်အမြန်ဆုံးနေပြန်ကောင်း ကျန်းမာလာစေဖို့ကို မိသားစုတွေနဲ့အတူ ပရိသတ်တွေကလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

