တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ကာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်းတစ်နေ့တစ်ခြား များပြားလာနေတာတွေ့ရပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပါတိမ်းရှောင်နေရတာဖြစ်တဲ့အတွက် ဘေးလွတ်ရာမပြေးနိုင်ပဲ ပိတ်မိနေတဲ့ပြည်သူတွေလည်းရှိနေတာဖြစ်ပါတယ်။ ယနေ့မေလ (၂၇)ရက်နေ့မှာတော့ ပိတ်မိနေတဲ့ပြည်သူတွေကိုသွားရောက်ကယ်ထုတ်ရင်း သူရဲကောင်းတစ်ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။


သေဆုံးသွားခဲ့တဲ့သူရဲကောင်းက အောလိုစိန်ဆိုသူဖြစ်ပြီး ၀မ်းနည်းဖွယ်ကောင်းတဲ့အမှတ်တရအဖြစ်အပျက်လေးကို သူငယ်ချင်းဖြစ်သူက ရင့်နင့်စွာနဲ့ရေးသားလာခဲ့ပါတယ်။ "အောလိုစိန်ရေ...
သပိတ်စစ်ကြောင်းတွေ ထွက်တုန်းကဆို မနက်ဆိုအရန်သင့် ကားမှာဗောက်စင်တယ် လည်ပင်းမှာကော်မတီကဒ်ဆွဲတယ် လက်အိပ် ဒူးကာ ဂတ်စ်မတ် အပြည့်နဲ့ သူအမြဲအရန်သင့်ဖြစ်လို့ သတိထားမိတယ် ပထမဆုံး သပိတ်ဖြိုခွင်းခံရတဲ့နေ့က မျက်ရည်ယိုဗုံးထိတော့ ကိုကာကိုလာကို မျက်နှာတင်မဟုတ်ပဲ ခေါင်းကနေလောင်း ချလို့ သူမွန်းပြီး အသက်ရှုကြပ်တယ် ငါ့ဆံပင်တွေ ပျက်ကုန်ပြီ ခေါင်းလျှော်ရတော့မယ်တဲ့ သူ့ဆံပင်အစိမ်းေရာင်ကို တသသနဲ့ အောလိုစိန်တစ်ရက် နာနတ်တောစစ်ကြောင်းမှာ စစ်ကြောင်းတူတူဦးဆောင်တော့ ကိုယ်ကိုင်တဲ့ အိုင်ကွန်ထဲ စစ်တပ်တွေ ကားကိုးစီးနဲ့ လွိုင်ကော်တက္ကသိုလ်ဘက်က တက်လာပြီလို့ အသံဝင်လာတယ်.......။


အဲ့တော့ ကျမကလည်း စစ်ကြောင်းကို နောက်ဆုတ်ဖို့ ဒိုင်းတွေရှေ့တက်ဖို့ လမ်းညွန်ပေးတယ် တပြိုင်ထဲ အရှေ့တက်ပြီး စစ်ကားကိုသွားကြည့် "စစ်ကားကိုးစီး လာတယ် သတင်းရတယ် ကြားလား ကြားလား" တစ်ဘက်ကလည်း " ကြားတယ် ကြားတယ် တက်လာပြီပြောတယ်" နောက် ကျမကလည်း "တွေ့လာ ကားဘယ်နားရောက်ပြီလည်း" တစ်က်ကလည်း "မတွေ့ဘူး ဘယ်နားရောက်ပြီးလည်း"အပြန်လှန်ပြောကြရင်း အသံအရမ်းနီးနီးကြားရလို့ လှည့်ကြည့်မှ သူနဲ့ကိုယ်က ကြောချင်းကပ်ရပ်ပြီး အိုင်ကွန် တစ်ယောက်တစ်လုံး နဲ့စကားပြောနေတာ အဲ့တော့မှ ကျမက "အော်နင်လား" သူကလည်း "နင်လား အာလာလာ" တဲ့အဲ့နေရာမှာ တင်ရီလိုက်ရတာ ခုထိ သူနဲ့တွေ့တိုင်း တခြားသူငယ်ချင်းနဲ့တွေ့တိုင်း ပြောပြောပြီး ရီရတာအမော.. ..ခုတော့ သူရဲကောင်းလေး အသက်ပေးသွားရရှာပြီပေါ့ ငါနောက်ခါဒီအကြောင်းကိုပြောရင် မရီရတော့ဘူးထင်တယ်နော် အေးချမ်းစွာ အနားယူပါတော့ သူရဲကောင်းရေ နင်တာဝန်ကျေ လွန်းပါတယ်ဟာ....ငါကတော့ တာဝန်မကျေသေးပါဘူး ?ငါတို့အမြဲအမှတ်ရ ဂုဏ်ယူနေမှာပါဟာ.....အောလိုစိန်က ဒီနေ့ ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်ဖို့သွားရင်း စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ပြီး ငွေတောင်ဆည်တံတားဖြူနားမှာ ခေါင်းတစ်ချက် ပုခုံးတစ်ချက် ခြေထောက်တစ်ချက် ကျည်ထိပြီး အသက်ပေးသွားရတဲ့ ကျမတို့ ကရင်နီရဲ့ အာဇာနည်ကြီးပါ...." ဆိုပြီးရေးသားထားခဲ့ပါတယ်။ တာ၀န်ကျေလွန်းလှတဲ့ ကရင်နီရဲ့သူရဲကောင်းကြီးအကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


သတင်း အရင်းအမြစ်៖ Myanmarload