သံပုံးသံကို ညံနေအောင်တီးပြီး အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျန်းမာရေးမိသားစု ဆည်းဆာစစ်ကြောင်း

//s9.kh1.co/86/86983b3399d9315dd062e00357f3fd9154d6a2a0.jpg
နေ့စဉ်သတင်းများ

 ၂၆-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၄ နှစ် က

.

ဒီကနေ့ မေလ ၂၆ ရက်နေ့ ညနေပိုင်းမှာတော့ မန္တလေးမြို့နယ်အတွင်းမှာ သပိတ်စစ်ကြောင်းတွေ ထွက်ရှိခဲ့တာကို တွေ့ရပါတယ်။

ယခုညနေပိုင်း မန္တလေးမြို့နယ်အတွင်းမှာ တကသများ ဆည်းဆာ ဟွန်းတီးသပိတ်စစ်ကြောင်း ၊ တပ်ပေါင်းစု ဆည်းဆာသပိတ်စစ်ကြောင်းအပြင် ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းပါ ထွက်ရှိခဲ့ပါတယ်။

Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation

ဒီသပိတ်စစ်ကြောင်းတွေထဲကမှ ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းဟာ ကြွေးကြော်သံတွေ ဟစ်ကြွေးရုံသာမက သံပုံးပါတီးပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

လမ်းမထက်မှာသံပုံးသံတွေ ညံနေအောင်တီးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျန်းမာရေးမိသားစု ဆည်းဆာသပိတ်စစ်ကြောင်းဟာ မန္တလေးမြို့ရဲ့ လမ်းမတွေပေါ်မှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီစစ်ကြောင်းထဲမှာ ပါဝင်သူတွေဟာ

လက်သုံးချောင်ထောင်တဲ့ သူကထောင် ၊ သံပုံးတီးတဲ့သူကတီး ၊ ဆိုင်းဘုတ်ကိုင်တဲ့သူက ကိုင်ပြီး အင်တိုက်အားတိုက်နဲ့ အာဏာရှင်ကို ဆန္ဒဖော်ထုတ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation

ညဘက်အိမ်ထဲမှာ သံပုံးတီးရင်တောင် လိုက်ဖမ်းခံနေရတဲ့ အခြေအနေမှာ လမ်းမပေါ်ထွက် သံပုံးတီးရင်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မန္တလေးကျန်းမာရေး မိသားစုသပိတ်စစ်ကြောင်းဟာ အထိအခိုက်မရှိပဲ အောင်​မြင်စွာ ဆန္ဒထုတ်ဖော် လူစုခွဲနိုင်ခဲ့ပါတယ်။

တိုက်ပွဲရှိရင် အောင်ပွဲရှိမယ်ဆိုတဲ့ ခံယူချက်နဲ့ အန္တရာယ်တွေကို မမှုဘဲ နေ့စဥ်နဲ့အမျှ အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူတွေရဲ့ ဇွဲနဲ့ သတ္တိကိုမြင်ရတာ တကယ်ကိုအားတက်စရာပါပဲ။

Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation
Photo credit simulation
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T