သင်္ဃန်းကျွန်း ဇေယျသုခလမ်းတွင် မင်္ဂလာလက်ဖွဲ့ပုံးထဲမှ ဗုံးပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ရတဲ့ ကံဆိုးသူ သတို့သမီးလေး

//s9.kh1.co/bf/bfdbc742e01abff245d090c2bd9f6b051f309f4c.png
နေ့စဉ်သတင်းများ

 ၂၅-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

..

တစ်သက်မှာတစ်ခါသာလုပ်ရတဲ့မင်္ဂလာဆောင်ဟာ နှစ်ယောက်အတူပေါင်းဖက်ဖို့ဖြစ်ပေမယ့် သင်္ဃန်းကျွန်း ဇေယျသုခလမ်းက မင်္ဂလာဆောင်တစ်ခုမှာ ဗုံးပေါက်ကွဲမှုကြောင့် သတို့သမီးဟာ ပြန်မလာနိုင်တော့တဲ့ လမ်းကို ထွက်သွားခဲ့ပါပြီ။ ပေါက်ကွဲသံဟာ ကျယ်လောင်လွန်းတာကြောင့် ရပ်ကွက်နေ ပြည်သူတွေလည်း အတော်လေးထိတ်လန့်ခဲ့ပြီး အနီးအနားမှာလည်း ယမ်းနံ့တွေ မွှန်ထူနေတဲ့အထိပဲလို့ ရပ်ကွက်ထဲက ပြည်သူတစ်ဦးက လူမှုကွန်ရက်မှာ ပြောပြခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကိုလည်း ဆေးကုသမှု ခံယူနိုင်အောင် အမြန်ဆုံး ဆေးရုံပို့နေကြပါတယ်။ မင်္ဂလာယူနေတဲ့အချိန်မှာ ဒီလိုဖြစ်သွားခဲ့တာ ကျန်ရစ်သူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

မင်္ဂလာဆောင်အပြီး နေအိမ်မှာ လက်ဖွဲ့တွေဖောက်နေတုန်း အခုလိုပေါက်ကွဲခဲ့လို့ သတို့သမီး အသက်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ နေရာတိုင်းလိုလိုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့် ပြည်သူတွေလည်း လိုရာခရီးကို ဖြောင့်ဖြောင့်တန်းတန်းမသွားရဲဘဲ လုပ်ဆောင်ရမှာတွေ နှောင့်နှေးလာကြပါတယ်။ နယ်မြို့တွေမှာ စစ်ဘေးရှောင်ဦးရေတွေလည်း ပိုပြီးများလာခဲ့ပြီး ပြည်သူတွေဟာ ကိုယ့်အိမ်မှာကိုယ် အေးအေးလူလူ မအိပ်စက်နိုင်တဲ့နေ့ရက်တွေ ဖြစ်လာခဲ့ပါပြီ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner

ထိတ်လန့်နေရတဲ့နေ့ရက်တွေအမြန်ကုန်ဆုံးပြီး အရင်လိုပျော်စရာကောင်း၊ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်း တစ်ခုကို ပြည်သူအားလုံးပြန်လိုချင်နေကြတာ အမှန်ပါပဲ။ ယနေ့ဖြစ်ပွားခဲ့တဲ့ သင်္ဃန်းကျွန်း ကရပ်ကွက် ဇေယျသုခလမ်းက ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အားလုံးလည်း ထိတ်လန့်နေရသလို ကွယ်လွန်သူတွေ အတွက်လည်း အတော်လေးယူကျုံးမရဖြစ်နေရပါတယ်။ ကွယ်လွန်သူလည်း ကောင်းရာမွန်ရာရောက်ရှိပြီး ဒဏ်ရာရသူတွေလည်း အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ် Rightful Owner

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T