မသန်မစွမ်းသက်ကြီးရွယ်အိုအများစုနေထိုင်တဲ့ ရပ်ကွက်လေးက အိမ်ခြေ (၇၉) အိမ်စာအတွက် လှူဒါန်းပေးခဲ့တဲ့ စေတနာရှင်တစ်ဦး

//s9.kh1.co/a2/a2fddbd878aa35f25091a8cff20c5d5a77191935.png
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

..

သက်ကြီးအဖိုးအဖွားအများစုနေထိုင်တဲ့ ရပ်ကွက်လေးမှာ ချို့တဲ့သူအဖိုးအဖွားတွေနဲ့ ကျန်းမာရေးမကောင်း မသန်စွမ်းကြတဲ့ အဖိုးအဖွားတွေအတွက် ဓာတ်ပုံဆရာအောင်ရဲလင်းက သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အမျိုးမျိုးသောဘဝတွေမှာ ချို့တဲ့မှုပေါင်းစုံနဲ့ ကျန်းမာရေး ချို့ယွင်းနေကြတဲ့အပြင် တစ်ဦးတည်းရပ်တည်နေရတဲ့ အဖိုးအဖွားတွေဟာ ဒီရပ်ကွက်လေးကို မှီခိုပြီးနေနေကြရပါတယ်။ အိမ်နီးချင်းတွေ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ဘဝရဲ့ နေဝင်ချိန်တွေကို အေးအေးလူလူဖြတ်သန်းခွင့်မရနိုင်တာ စိတ်မကောင်းစရာပါပဲ။ စေတနာရှင်တွေဟာ အဖိုးအဖွားတို့ရဲ့ဘဝတွေကို စာနာသနားပြီး သွားရောက်လှူဒါန်းမှုတွေ လုပ်ပေးကြတာလည်း ဝမ်းသာစရာပါ။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

ဒီနေ့မှာလည်း ဓာတ်ပုံဆရာအောင်ရဲလင်းက ရပ်ကွက်ထဲက အဖွားဒေါ်ငါးရာကိုစာနာပြီး သွားရောက်လှူဒါန်းစဉ်မှာပဲ အနီးအနားက အဖိုးအဖွားတွေကိုပါ ထပ်မံလှူဒါန်းဖို့ဆုံးဖြတ်ပြီး သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ အဖိုးအဖွားတွေဟာလည်း စေတနာရှင်တို့ရဲ့ မေတ္တာတွေကြောင့် ဝမ်းပန်းတသာနဲ့ အလှူလက်ခံကြတဲ့ မြင်ကွင်းဟာ ကြည်နူးစရာပါ။ အကူအညီလိုနေတဲ့ လက်ကလေးတွေကို နွေးနွေးထွေးထွေးဆုပ်ကိုင်ပြီး အကူအညီပေးခဲ့ကြပါတယ်။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

သွားရောက်လှူဒါန်းခဲ့တဲ့ ပီတိဖြစ်စရာပုံရိပ်တွေကို " ဒီနေ့အလှူလေး အိမ်အရေတွက် ၇၉ အိမ်အတွက်အောင်မြင်စွာလှူပြီးပါပြီခင်ဗျား အလှူငွေရငွေ ? ဆန် - ၁၄၀၀၀၀ ၊ ကြက်ဥ - ၆၀၀၀၀ ၊ ခေါက်ဆွဲ - ၁၁၀၀၀၀၀၊ အလှူငွေ ၅၀၀၀၀၀၊ ကျတော့်အလှူငွေ Taxi ငှားက ၂ စီးငှားသွားပါတယ်။ ကျတော် ၃ သောင်းလှူဖြစ်ပါတယ်။ အဖွားဒေါ် ၅၀၀ ကို ခေါက်ဆွဲ၊ဆန်၊ ကြက်ဥ အလှူငွေ အပိုလှူခဲ့ပါတယ်ခင်ဗျား။ ကျန်တဲ့ အသက် (၉၀) ကျော်အဖွား၊ ညီအကိုအဖိုး (၂) ယောက် နှင့် အဖွားတစ်ယောက်ကို အလှူငွေ ထပ်လှူခဲ့ပါတယ်။ အလှူရှင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် သာဓုလည်းခေါ်ပါတယ် ခင်ဗျာ။ " ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှပေးခဲ့ပါတယ်။ နောက်လည်းဒီထက်မက လှူနိုင်တန်းနိုင်ပါစေ။

Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc
Photo Credit - Aung Ye Lin's FB Acc

သတင်း အရင်းအမြစ် Aung Ye Lin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T