တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သပိတ်စစ်ကြောင်းတွေ ပြန်လည် အားကောင်းလာတဲ့အချိန်ကစပြီး ရန်ကုန်မြို့အတွင်းမှာလည်း သပိတ်စစ်ကြောင်းတွေ အရင်ကထက် ပိုများပြားလာတာကို တွေ့ရပါတယ်။ ဖိနှိပ်မှုတွေကြားထဲကနေထွက်ပေါ်လာကြတဲ့ ဆန္ဒပြသပိတ်တွေဟာဆိုရင် လူငယ်အများစုဦးဆောင်နေကြတာဖြစ်ပြီး ပြောက်ကျားသပိတ်တွေအနေနဲ့ နေရာအနှံ့ထွက်ပေါ်ကာ ဆန့်ကျင်တော်လှန်နေကြတာတွေ့ရပါတယ်။


ယနေ့မေလ(၁၉)ရက်နေ့မှာဆိုရင်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ဆန္ဒပြသပိတ်တွေစဉ်ဆက်မပြတ်ထွက်ပေါ်နေတာဖြစ်ပြီး ရန်ကုန်မြို့ရှိ တောင်ဥက္ကာလာပမြို့နယ်မှာလည်း လူငယ်တွေဦးဆောင်ကာ အနိုင်မခံအရှုံးမပေး တ/ဥနွေဦးတော်လှန်ရေးဆိုတဲ့ဆိုင်းဘုတ်ကိုင်ဆောင်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


တောင်ဥက္ကာလာပမြို့နယ်ရှိ ဆန္ဒပြပုံရိပ်တွေကို မင်းသားချော ဘုန်းဆက်သွင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "အနိုင်မခံ အရှုံးမပေး
နွေဦးတော်လှန်ရေး သွေးအေးကြဖို့ကြံနေရင်
မင်းတပ်မြို့ကို အားနာပါအုံး မင်းတပ်ရေ အားတင်းထားပါအရေးတော်ပုံ အောင်ရမည်
???...." ဆိုပြီး ရေးသားကာတင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ PhoneSett Thwin's Facebook acc