အိမ်တွင်း Animation သပိတ်ဆင်နွှဲခဲ့ကြတဲ့ ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် မေဂျာပေါင်းစုံက Gen Z လူငယ်လေးများ

//s9.kh1.co/20/200d06a33e298347021c77f06533367eeedd9893.png
နေ့စဉ်သတင်းများ

 ၁၆-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

..

အရင်လိုလမ်းမပေါ်မှာဆန္ဒပြတာတွေလုပ်ဖို့သိပ်မလွယ်တော့တဲ့အခြေအနေမှာ လူငယ်လေးတွေဟာ မိမိတို့တတ်နိုင်တဲ့ဖက်ကနေ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ကြပါတယ်။ ဒီနေ့မှာလည်း ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် မေဂျာပေါင်းစုံက Generation Z လူငယ်လေးတွေဟာ အိမ်တွင်း Animation သပိတ်ပြုလုပ်ပြီး လူမှုကွန်ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မျက်နှာတွေကိုလည်း ကွယ်ပြီးသားဖြစ်သလို မိမိတို့ရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြီးသားဖြစ်သွားပါတယ်။ ဒီလိုထက်မြက်တဲ့လူငယ်လေးတွေရဲ့အနာဂတ်ဟာ အာဏာရှင်လက်အောက်မှာဆို ကောင်းနိုင်ဖို့ မသေချာတော့တာမို့ ရတဲ့နည်းနဲ့ တိုက်ထုတ်နေကြတာပဲဖြစ်ပါတယ်။

Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc

လူငယ်တိုင်းမှာ အနာဂတ်အိပ်မက်တွေအများကြီးရှိသလို ဒါတွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာပဲ ဒီလိုအခြေအနေဆိုးကြီးနဲ့ရင်ဆိုင်ခဲ့ကြရတာပါ။ လက်ရှိအချိန်ထိ လူပေါင်း (၈၀၀) ကျော်သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀၀) ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်အများစုပါဝင်နေပြီး အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေ လည်းဖြစ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စိတ်နဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတော်လှန်ကြရင်း အသက်သေဆုံးတာတွေ ဖမ်းဆီးခံရတာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ စိတ်မကောင်းစရာပါ။

Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc

တန်ဖိုးရှိတဲ့သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေရဲ့စိတ်ထဲမှာလည်း အစားထိုးလို့မရတဲ့ နာကျင်ခံစားမှုကြီးက သေရာပါဒဏ်ရာတစ်ခုလိုဖြစ်သွားခဲ့ပါပြီ။ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ဖြစ်ပေါ်လာတဲ့တိုင်းပြည်မငြိမ်သက်မှုတွေဟာ တစ်နေ့တခြားပိုဆိုးလာခဲ့ပြီး လူတန်းစားပေါင်းစုံဟာ ငွေကြေးရှားပါးမှုပြဿနာကိုရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း လူငယ်တွေဟာ ကျောင်းတက်ပြီး ပညာရှာရမယ့်အရွယ်မှာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီကို ရှာဖွေနေရပါတယ်။ တိုင်းပြည်ကြီး အမြန်ဆုံးအေးချမ်းပြီး အနာဂတ်ကောင်းတွေကို ပုံဖော်နိုင်မယ့်နေ့ရက်ဆီရောက်နိုင်ပါစေလို့ပဲ တောင်းဆုပြုပါတယ်။

Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc
Photo Credit - Kachinwaves's FB Acc

သတင်း အရင်းအမြစ်Kachinwaves's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T