အခုအချိန်မှာဆိုရင် ပြည်သူတိုင်းနီးပါးက ကျီးလန့်စာစားနေရတဲ့အခြေအနေဖြစ်ပြီး ဘေးအန္တရာယ်ကင်းဖို့အတွက်လည်း သတိနဲ့နေထိုင်နေရတာဖြစ်ပါတယ်။ပြည်သူတွေကို ပြည်သူတွေကသာကာကွယ်စောင့်ရှောက်ပေးကြပြီး အခက်အခဲမှန်သမျှကို စည်းစည်းလုံးလုံးနဲ့ဖြတ်ကျော်နေကြတာပဲဖြစ်ပါတယ်။လတ်တလောမှာတော့မြို့နယ်တိုင်းနီးပါးမှာ လူထုလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေကြပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့်လည်း ကျဆုံးသူတွေထပ်မံတိုးပွါးလာခဲ့ပါတယ်။
နေရာတိုင်းနီးပါးမှာ ဗုံးပေါက်ကွဲမှုတွေအပြင် သေနတ်ပစ်ဖောက်သံတွေကိုလည်း ကြားနေရတာကြောင့် ပြည်သူတွေခမျာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရှမ်းပြည်နယ်၊မြောက်ပိုင်းမှာမိခင်နှစ်ဦးနဲ့ ကလေးသုံးယောက် အိမ်ထဲမှာရှိနေတာကို အပြင်ကနေ သေနတ်နဲ့ရမ်းပစ်သွားခဲ့တဲ့ အခြေအနေတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အိမ်ထဲကို အဆက်မပြတ်ပစ်ခတ်မှုကြောင့် အကာအရံတွေမှာ ကျည်ပေါက်ရာတွေများစွာထင်ကျန်နေခဲ့တာ ဖြစ်ပါတယ်။
အိမ်ထဲမှာရှိနေတဲ့ ကလေးငယ်တစ်ဦးရဲ့ တင်ပါးဆုံကို ကျည်ထိမှန်သွားခဲ့ပြီး ကျည်ထုတ်လိုက်ရင် အသက်အန္တရာယ်စိုးရိမ်ရလို့ ထုတ်မရတော့ဘူးလို့ သိရပါတယ်။ကလေးငယ်လေးခမျာ လူလားမမြောက်သေးခင်အရွယ်မှာပဲ ဒုက္ခိတအခြေအနေဖြစ်သွားခဲ့ပါတယ်။တခြားသူတွေလည်း ဒဏ်ရာပြင်းထန်တာကြောင့် အသက်ကိုသာရအောင်ကယ်နေကြရတာဖြစ်ပါတယ်။လက်ရှိမှာတော့ အိမ်ထဲမှာနေရင်တောင် မလုံခြုံတော့တဲ့အခြေအနေတွေဖြစ်လို့ ပြည်သူတွေအားလုံးဂရုစိုက်ကြပါလို့ မှာကြားရင်း ဒီအဖြစ်အပျက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder