ရဲစွမ်းသတ္တိအပြည့်နဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ ဒီနေ့ထိ နွေဦးတော်လှန်ရေးကြီးမှာ စိတ်ရောကိုယ်ပါနှစ်ထားကြဆဲဖြစ်ပါတယ်။GenXYZ လေးတွေက တီထွင်ဖန်တီးမှုတွေကောင်းကြသလို သွက်သွက်လက်လက်လည်းရှိကြပြီး အများအကျိုးအတွက် အသက်ကိုတောင်ပေးရဲကြလို့ တကယ်လေးစားစရာ ကောင်းကြပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် ခြိမ်းခြောက်ခံရမှုတွေကြောင့် ထွက်ပြေးတိမ်ရှောင်နေရပေမယ့် ဒီနေ့ထိ ရရာနေရာတွေကနေ ပါဝင်ကူညီအားဖြည့်နေကြတဲ့ ဇွဲ ၊ သတ္တိတွေကလည်း ချီးကျူးစရာကောင်းပါတယ်။
ခုဆိုရင် နေရာဒေသတိုင်းမှာ နေ့ရော ညပါ ဖိနှိပ်ဖမ်းဆီးတာတွေ အပစ်အခတ်တွေရှိနေဆဲပါ။ဒီလိုအခြေအနေတွေမှာ ပြည်သူအချင်းချင်းကပဲ တစ်ယောက်ကို တစ်ယောက် ခုခံကာကွယ်ပေးရင်း ရှေ့ဆက်လှမ်းနေကြတာပါ။ဒီနေ့မှာတော့ ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ မြောက်ဥက္ကလာပ၊ အင်းစိန်၊ သင်္ကန်းကျွန်း၊ ရွှေပြည်သာ စတဲ့မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကိုဖွဲ့စည်းပြီး ဖြစ်ကြောင်းကြေညာ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မှာဆိုရင် သက်ဆိုင်ရာ မြို့နယ်များမှာ နေထိုင်ကြတဲ့ လူငယ်အင်အားများစွာဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများကို ခုခံ ကာကွယ်ပေးရန်နှင့် ယုံကြည်ချက်ပန်းတိုင် တစ်ခုဖြစ်တဲ့ ဒိမိုကရေစီစနစ် အောင်မြင်နိုင်ဖို့ ရည်ရွယ်ကြောင်းတွေကိုလည်းရေးသားဖော်ပြထားပါတယ်။ဒါ့အပြင် ရန်ကုန်သာမက အခြားမြို့တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းထားတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။ ပရိသတ်ကြီးအတွက် ရန်ကုန်တိုင်းရှိ မြို့နယ်လေးမြို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းပြီးကြောင်း ကြော်ငြာစာကို ပြန်လည်ဝေမျှပေးရင်း မြန်မာနိုင်ငံကြီးလည်း အမြန်အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။