အနုပညာရှင်တွေကို ပုံလှလှလေးတွေအမြဲတမ်းရိုက်ပေးတတ်တဲ့ ဓာတ်ပုံဆရာအောင်ရဲလင်းဟာ အသက် (၁၉) နှစ်အရွယ်နဲ့ အိပ်ယာထဲလဲနေရတဲ့ အောင်ခန့်ပိုင်အတွက် အလှူငွေသွားရောက် လှူဒါန်းပေးသလို လူငယ်လေးအတွက် အလှူရှင်ရအောင်လည်း နိဗ္ဗာန်ဆော်လုပ်ပေးခဲ့ပါတယ်။ (၁၀) တန်းအရွယ်ကတည်းက စတင်ခံစားနေရတဲ့ဝေဒနာတွေဟာ လက်ရှိ အသက် (၁၉) နှစ်တိုင်အောင် မပျောက်ကင်းနိုင်ခဲ့ပါဘူး။ စေတနာရှင်အလှူရှင်တွေကလည်း တတ်နိုင်သလောက်လှူဒါန်းပေးကြသလို နောက်ထပ်အလှူရှင်တွေရဖို့အတွက် လာရောက်လှူဒါန်းသူတွေက ကူညီပေးကြပါတယ်။
လူငယ်လေးရဲ့လက်ရှိအခြေအနေကို " ဒီနေ့ ညီလေး အောင်ခန့်ပိုင်ဆီ ကျတော်သွားလှူပြီးပါပြီ။ ညီလေးက 2019 (၁၀) တန်းနှစ်မှာစပြီး အခု ဒီနှစ်ထိပါပဲဗျာ။ အခုလက်ရှိကတော့ အဆုတ်မှာသွေးခဲပြီး အသက်ရှူမဝတော့ အောက်ဆီဂျင်မဖြုတ်ဘဲ အမြဲတပ်ထားရပါတယ်။ စစဖြစ်တုန်းက တီဘီဆေး (၁) နှစ်ခွဲလောက်သောက်ထားရပါတယ်။ ခါးရိုးခွဲထားရပြီး စကူ (၈) ချောင်းစုပ်ထားရပါတယ်။ အဲဒီခွဲထားတဲ့ စကူပြုတ်ထွက်သွားပါတယ်တဲ့ဗျ။ ပုံမှာမြင်တဲ့အတိုင်းပါပဲ။ အဖျားကအမြဲရှိနေပြီး ညနေဘက်ပိုဖျားလေ့ရှိပါတယ်။ အဖျား (၁၀၂) လောက်ရှိပါတယ်လို့ ညီလေးအမေက သေချာပြောပြပါတယ်။ အရိုးခွဲတဲ့ဆေးရုံက ကြည့်မြင်တိုင်အရိုးဆေးရုံမှာလို့သိရပါတယ်၊ အခုလက်ရှိ KBC ဆေးရုံမှာပြနေပါတယ်။ မနက်ဖြန်ထပ်ပြရပါမယ်ခင်ဗျား။ အသိဆရာဝန်တွေရှိရင် ကျတော့်ကိုတစ်ချက်လောက်ကူညီပါလားဗျာ။ "
" ကျတော်ဆေးစာအုပ်တွေ ဓါတ်မှန်တွေဓါတ်ပုံရိုက်ယူခဲ့တယ်ဗျ။ (၁၉) နှစ်ပဲရှိသေးတဲ့ညီလေးကို တကယ်အကူညီပေးချင်လို့ပါ။ ဒီလကြီးလှူဖို့ပြောရမှာအားနာပေမယ့် တတ်နိုင်သလောက်လေးလှူကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျတော် (၁၃) ရက်ပြန်သွားပါမယ် လှူချင်တဲ့သူတွေတစ်ချက်ကျတော့်ကိုဆက်သွယ်ပေးပါခင်ဗျာ။ ညီလေးအမြန်ဆုံးသက်သာဖို့ဆုတောင်းပေးပါတယ်။ ကျတော်ကညီလေးအမေပြောတာတွေနားထောင်ပြီး သေချာရေးထားပေးပါတယ်ခင်ဗျ။ တကယ်တတ်သိနားလည်တဲ့ဆရာဝန်တွေပိုသိမှာပါ။ ကူညီပေးကြပါဦးခင်ဗျား? " ဆိုပြီး မိခင်ရဲ့ ပြောစကားအတိုင်း ပြန်လည်ပြောပြပေးခဲ့ပါတယ်။ သွားရောက်လှူဒါန်းချင်တဲ့ အလှူရှင်တွေအတွက် အောင်ခန့်ပိုင်ရဲ့လိပ်စာကတော့ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ အသောကလမ်း၊ အိမ်အမှတ် (၁၀၆) ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Aung Ye Lin's FB Acc