မနက်ဖြန် မေလ၂ ရက်နေ့မှာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့အနှံ့မှ နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ မြန်မာနိုင်ငံသားများနဲ့ မြန်မာပြည်သူဘက်မှ ရပ်တည်ပေးကြတဲ့ အခြားနိုင်ငံသားများဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒထုတ်ဖော်မယ့် သတင်းဟာ twitter ပေါ်မှာပျံ့နှံ့နေတာကို တွေ့ရပါတယ်။
မနက်ဖြန် မေလ ၂ ရက်ကိုတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ပြီး ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ အမဲရောင် အကျီတွေဝတ်ဆင်ကာ လက်သုံးချောင်းထောင်ပြီး ဆန္ဒဖော်ထုတ်ကြဖို့ တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း မနက်ဖြန် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ ပါဝင်ပေးကြဖို့ တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် အာဏာသိမ်းတာ သုံးလကျော်လာတဲ့အချိန်မှာ လူပေါင်း 750 ကျော်သေဆုံးပြီး ဖမ်းဆီးခံရသူပေါင်းဟာလည်း ၃၅၀၀ ကျော်နေပြီဆိုတဲ့ သတင်းတွေလည်း twitter ပေါ်မှာ ပျံ့နေတာကိုတွေ့ရပါတယ်။
နောက်ထပ်အနေနဲ့ကတော့ အမျိုးသမီး ၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး Ei Thinzar Maung ဟာ သူမရဲ့ twitter အကောင့်မှာ စစ်ကျွန်ပညာရေးကိုလက်မခံတဲ့ လှုပ်ရှားမှုအနေနဲ့ "စစ်ကျွန်ပညာရေးအမြစ်ဖြတ် ငါတို့ကျောင်းမတက် " လှုပ်ရှားမှု ပုံတွေကို တင်ပေးထားတာတွေ့ရပါတယ်။