အောင်လအန်ဆန်းကတော့ ဒီကနေ့မနက်မှာ Light HeavyWeight ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ အဖြစ် De Ridder နဲ့ထိုးသတ်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့ရပါတယ်။
အောင်လဟာ ဒီရစ်ဒါနဲ့ ရှေ့နှစ်တုန်းကလည်း Middle Weight ချန်ပီယံခါးပတ်ကာကွယ်ပွဲ အဖြစ်ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့တာကြောင့် ခါးပတ်ကို ဒီရစ်ဒါကိုပေးအပ်ထားခဲ့ရတာပါ။

ဒီကနေ့မနက် ယှဥ်ပြိုင်ထိုးသတ်တဲ့ Light Heavey Weight ချန်ပီယံခါးပတ်လုပွဲမှာလည်း ဒီရစ်ဒါဟာ အောင်လကို လုံးဝထိုးခွင့်မပေးခဲ့ပဲ ချုပ်ကွက်နဲ့သာ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ယှဥ်ပြိုင်ထိုးသတ်တဲ့ ငါးချီလုံးမှာ ဒီရစ်ဒါဟာ အောင်လကို ချုပ်ကွက်မျိုးစုံနဲ့ ထိန်းချုပ်ခဲ့ပြီး နောက်ဆုံးချီပြီးခါနီး အချိန်လေးမှာ အောင်လအခွင့်နည်းနည်းပြန်သာခဲ့ပေမယ့် ပွဲချိန်ပြည့်သွားတဲ့ အချိန်မှာတော့ ဒီရစ်ဒါက အမှတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။


အောင်လအနေနဲ့လည်း ဒီရစ်ဒါရဲ့ ချုပ်ကွက်တွေကို အကောင်းဆုံးပုံစံနဲ့ တုန့်ပြန်ခဲ့ပေမယ့်လည်း ဒီရစ်ဒါက လုံးဝအခွင့်အရေးမရအောင် ထိန်းချုပ်ထားတဲ့အတွက် အရှုံးရလာဒ်နဲ့ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်အောင်လဟာ ဒီရစ်ဒါကို Light Heavy Weight ချန်ပီယံခါးပတ်ကိုပါ ပေးခဲ့ရပြီး ဒီရစ်ဒါဟာ Middle Weight ချန်ပီယံခါးပတ်နဲ့ Light Heavy Weight ချန်ပီယံခါးပတ်ကိုပါ ပိုင်ဆိုင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

