ပရိသတ်ကြီးရေ.. ဇာတ်သဘင်လောကမှာ မရိုးနိုင်တဲ့ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော်သရုပ်ဆောင် ကြာစိကလည်း အပါအဝင်ပါပဲ..။
5Star အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော်ကြာစိကတော့ ဇာတ်ခုံမြင့်တွေပေါ်မှာအပြင် ဇာတ်ကားတွေလည်း တော်တော်များများ ရိုက်ကူးထားကာ အောင်မြင်နေတာလည်း ဖြစ်ပါတယ်..။
အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိတဲ့ လူရွှင်တော်ကြာစိကတော့ လတ်တလောမှာလည်း သာသနာ့ဘောင်ဝင်ရောက်ကာ ကုသိုလ်ယူနေတာ ဖြစ်ပါတယ်..။
ရဟန်းခံသာသနာ့ဘောင်ဝင်ရောက်ကာ ဆွမ်းခံကြွနေတဲ့ ဦးဇင်းကြာစိရဲ့ မင်ကွင်းပုံရိပ်တွေနဲ့အတူ ပရိသတ်တွေကလည်း ဆွမ်းလောင်းလှူရင်းကုသိုလ်ယူနေကြတာမို့ တကယ်ကိုကြည်နူးစရာကောင်းတာလည်း တွေ့ရပါတယ်..။
"ဝေဒနာ လူ အတွေး.လေမှာနှင်
မသေခင်တုန်း..အေးချမ်း သွားပါရစေ.
အဆွေးသမားရယ်.ဝေဒနာ ကမ္ဘာကြီးရယ်
အေးချမ်း တဲ့ နေရာ...မမောတမ်းသွားမယ်.." ဆိုပြီး ဘုရားရိပ်တရားရိပ်မှာ အေးချမ်းနေတဲ့ ဦးဇင်းရဲ့ပုံရိပ်တွေကိုတော့ လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်ဝေမျှထားတာပါ..။
သာသနာ့ဘောင်မှာ အေးချမ်းစွာကုသိုလ်ယူနေတဲ့ လူရွှင်တော်ကြာစိရဲ့ အေးချမ်းစရာပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်ကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Kyar Si's Fb Acc