လူငယ်တွေကတော့ လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြပေမယ့် မမောမပန်းကြသေးဘဲ ခွန်အားအပြည့်နဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ရဲစွမ်းသတ္တိအပြည့်ရှိတဲ့လူငယ်တွေကို လူကြီးတွေကလည်းတတ်နိုင်သလောက်ပံ့ပိုးကူညီပေးကြတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပြည်သူလူထုကစည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် မိမိရဲ့အသက်ကိုတောင်စွန့်လွှတ်ပြီး တခြားသူအပေါ်မှာလည်းအန္တရာယ်မကျရောက်အောင် ကာကွယ်ပေးကြတာဖြစ်ပါတယ်။
Gen Zတွေကတော့ (၁၂.၄.၂၀၂၁)ရက်နေ့၊မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းက နေအိမ်တွေကို တောင်းပန်စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။တောင်းပန်စာထဲမှာ”ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများအတွက် မေတ္တာပို့ပေးပါ။ကျွန်တော်၊ကျွန်မတို့ကို ယုံကြည်ပေးကြပါရန်”စတဲ့ စာသားတချို့ပါဝင်တာဖြစ်ပါတယ်။လူငယ်လေးတွေကတော့ စာရွက်တွေကို နေအိမ်တွေရဲ့ခြံတံခါးမှာ သေချာထားခဲ့ကြတာ ဖြစ်ပါတယ်။
Gen Zတွေကတော့ ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေအတွက် စွန့်လွှတ်အနစ်နာခံပြီး အသက်ပေးကြတဲ့အပြင်ပြည်သူလူထုကိုလည်း တောင်းပန်နေကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း လူငယ်တွေ စိတ်ဓာတ်ခွန်အားပြည့်အောင်လို့ အားပေးစကားလေးတွေပြောပေးကြတာဖြစ်ပါတယ်။ပြည်သူအချင်းချင်းက အခုချိန်မှာတစ်စိတ်တစ်ဝမ်းတည်းရှိပြီး အပြန်အလှန်ရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။တစ်အိမ်ဝင်၊တစ်အိမ်ထွက်ပြီးတောင်းပန်စာပေးပို့ခဲ့ကြတဲ့ Gen Zတွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder