ပြည်သူလူထုကတော့ လက်ရှိရင်ဆိုင်နေရတဲ့အဖြစ်အပျက်တွေကြောင့် “ဘုရားမှတစ်ပါးကိုးကွယ်ရာမရှိ”ဆိုသလိုဘာသာရေးတွေလည်း လုပ်ဆောင်ပြီး အခုကာလကို ကြိုးစားဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် တချို့လူငယ်လေးတွေကအစ ဘုရား၊တရား ပိုပြီးကိုင်းရှိုင်းလာကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်းခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ လူငယ်လေးတစ်ဦးက ကျမ်းစာရွတ်ဖတ်နေကျဖြစ်ပြီး ညဘက်ကင်းစောင့်ရင်းနဲ့လည်း ကျမ်းစာရွတ်ဖတ်ခဲ့လို့ အန္တရာယ်ဘေးမှလွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလူငယ်လေးက သူကင်းစောင့်နေတဲ့နားမှာ ဗုံးတစ်လုံးရှိနေခဲ့တာကို မသိဘဲ တစ်ညလုံးအိပ်နေခဲ့တာဖြစ်ပါတယ်။မနက်ရောက်လို့ အိပ်ရာနိုးချိန်မှာ သူငယ်ချင်းတွေပြောပြလို့ ဗုံးရှိနေမှန်းသိခဲ့ရတာဖြစ်ပါတယ်။ပေါက်ကွဲစေတတ်တဲ့ဗုံးတစ်လုံးဖြစ်ပေမယ့် မနက်အထိမပေါက်ကွဲခဲ့လို့ သူတို့တွေလည်း အသက်အန္တရာယ်နဲ့မကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးကတော့ သူရင်ဆိုင်လိုက်ရတဲ့အဖြစ်မှန်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်းရေးသားထားပြီး ကိုယ်တော့်ကိုလည်း ကျေးဇူးတင်လိုက်တာ ဖြစ်ပါတယ်။
ပြည်သူတွေကလည်း အဲ့ဒီလူငယ်လေးရဲ့အဖြစ်အပျက်တွေကိုဖတ်မိပြီး အံ့ဩကြကာ လူအများအပြားသိအောင်လို့လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Shareနေကြတာဖြစ်ပါတယ်။ဘေးနားမှာဗုံးရှိနေတာကိုမသိဘဲ တစ်ညလုံးအိပ်နေခဲ့တဲ့ အဲ့ဒီလူငယ်လေးရဲ့ ကံတရားက အရမ်းဆန်းကြယ်နေတာပဲဖြစ်ပါတယ်။သေကံမရောက်၊သက်မပျောက်ဘဲ အကောင်းအတိုင်းကျန်ရှိနေတဲ့ အဲ့ဒီလူငယ်လေးရဲ့ အဖြစ်အပျက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder