လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူငယ်အများစုကပဲ ရှေ့ဆုံးကနေ တက်တက်ကြွကြွနဲ့ဦးဆောင်နေကြတာဖြစ်ပါတယ်။လမ်းပေါ်ထွက်လာရင် အသက်အန္တရာယ်မလုံခြုံမှန်းသိသော်လည်း လူငယ်တွေကတော့ကြောက်သွေးမပါကြဘဲ သတ္တိအပြည့်နဲ့ရင်ဆိုင်နေကြတာကြောင့် အရမ်းလေးစားစရာကောင်းကြပါတယ်။ယနေ့အချိန်ထိဆိုရင် ကျဆုံးသူရဲကောင်းတွေလည်း အယောက်(၃၀၀)ကျော်နေပြီဖြစ်ပေမယ့် လူထုလှုပ်ရှားမှုတွေကိုတော့ မြို့နယ်အသီးသီးမှာ နေ့စဉ်ရက်ဆက်တွေ့မြင်နေရဆဲဖြစ်ပါတယ်။
လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့လူငယ်တွေအတွက်လည်း ပြည်သူတွေက အဟာရပြည့်မယ့်စားစရာ၊သောက်စရာတွေကိုအမြဲလှူဒါန်းပြီး လိုအပ်သမျှအကူအညီတွေကိုလည်းပေးနေကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ သူတို့ကိုကူညီဖေးမပေးပြီး အစားအသောက်တွေလှူဒါန်းပေးတဲ့စေတနာရှင်တွေရဲ့ကျေးဇူးကိုလည်း သိတတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်စုက ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံရင်ဆိုင်နေရင်း ခေါက်ဆွဲကြော်လာကျွေးတဲ့အလှူရှင်ရှိလို့ အတူတူမျှဝေစားသောက်နေကြတာပဲဖြစ်ပါတယ်။
လူငယ်တွေကတော့ သူတို့အတွက် စားစရာ၊သောက်စရာတွေလှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို “ကျန်းမာပါစေ၊ချမ်းသာပါစေ”ဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုး အန္တရာယ်တွေကြားထဲမှာတောင် အလှူရှင်တွေရဲ့စေတနာကို သိတတ်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်း သူတို့အတွက်တစ်ထောင့်တစ်နေရာကနေကူညီဖေးမပေးနေတဲ့ ပြည်သူတွေကြောင့် ခွန်အားအပြည့်နဲ့ဆက်လက်ရင်ဆိုင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder
Video Credit: Original Uploder