အဆိုတော်မလေး ပိုပိုကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တစ်ဖက်တစ်လမ်းကနေ တတ်စွမ်းသလောက် ကူညီပေးနေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေက ယနေ့အပါအဝင် ရက်ပေါင်း ၅၅ ရက်တိုင်ရှိခဲ့ပြီဖြစ်ပေမယ့်လည်း ပိုပိုကတော့ သွေးအေးမသွားပဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။
သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်ခဲ့သလို လိုအပ်နေတဲ့ နေရာတွေမှာလည်း အလှူပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ပိုပိုက သူမကိုယ်တိုင် ချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာတွေကို ဘုန်းကြီးကျောင်းထံ သွားရောက်လှူဒါန်းခဲ့တာပါ။ လှူဒါန်းရတဲ့ အကျိုးကြောင့် မြန်မာပြည်သူပြည်သားတွေ ဘေးကင်းစေဖို့ အတွက်လည်း ဆုတောင်းပေးခဲ့ပါသေးတယ်။
တတ်နိုင်တဲ့ဘက်ကနေ ကူညီအားဖြည့်နေခဲ့တဲ့ ပိုပိုရဲ့ အလှူပုံရိပ်လေးတွေအပြင် " ယနေ့မှာ ဘုန်းဘုန်းကြီးကို အာရုံဆွမ်း မုန့်ဟင်းခါး နဲ့ ချဉ်ပေါင်ရွက်ကြော် ခရမ်းချဉ်သီး ငပိချက် လှူပါတယ် နေ့ဆွမ်း အနေနဲ့ သဘာဝရိပ်သာကျောင်းအတွက်လဲ ကိုယ်တိုင်ချက်ပြုတ် လှူဒါန်းပါတယ် ယခု ပြုရတဲ့ ကုသိုလ်များကြောင့် မြန်မာပြည်သူ ပြည်သားတွေ ဘေးကင်းပါစေ လိုချင်တဲ့ Democracy လဲ အမြန်ရရှိပါစေလို့ ဆုတောင်းပေးပါတယ် ဒီလိုခက်ခဲတဲ့အချိန်မှာ သံဃာတော်တွေကိုကန်စွန်းရွက်ကြော်လေး တစ်ခွက် ကြက်ဥကြော်လေးတွေ လှူဒါန်းလဲ ကုသိုလ်အများကြီး ရပါတယ် လှူကြပါလို့ တိုက်တွန်းအပ်ပါတယ် " ဆိုတဲ့ စာသားကိုလည်း သူမရဲ့ facebook Account ထက်မှာ ရေးသားမျှဝေထားတာပါ။ ပြည်သူတွေဘေးကင်းစေဖို့နဲ့ Democracy အမြန်ဆုံးရဖို့အတွက် ဆုတောင်းပေးနေတဲ့ ပိုပိုရဲ့ ပုံရိပ်နဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source & Photo Credit - ပိုပို's Facebook Page