သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက သဘာဝမင်းသမီးလို့တောင် သတ်မှတ်ထားကြတာပါ။ လူတိုင်းအပေါ်မှာလည်း အမြဲကူညီတတ်တဲ့ စိတ်ထားလေးကြောင့် အားလုံးကချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ကျရာအခန်းကဏ္ဍကနေ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုအတွက် ပါဝင်ဆောင်ရွက်ပေးနေဆဲပဲ ဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာများကနေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ကျောင်းသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် speak out လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ Facebook အကောင့်တွင် အရေးတော်ပုံ အောင်သွားတဲ့အခါ အလုပ်တွေကြိုးစားပြီး တိုင်းရင်းသားတွေနေထိုင်ရာဒေသတွေဆီသွားကာ လိုအပ်တာတွေလှူဒါန်းသွားမယ့်အကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။
" အရေးတော်ပုံအောင်မြင်ပြီးသွားရင်....
အလုပ်ကြိုးစားပြီး ပိုက်ဆံစုမယ်...(ပိုက်ဆံကတော့အရင်စုရဦးမယ် ကိုဗစ်နဲ့မအလပေါင်းပြီးနှိပ်စက်တာသနားစရာဘဏ်စာရင်းလေးဖြစ်နေပြီ)
ပြီးရင် ကျေးဇူးရှင်တိုင်းရင်းသားဒေသတွေဆီကို သွားမယ်....
သူတို့ဒေသမှာလိုအပ်နေတဲ့နေရာတွေကိုလိုက်လှူမယ်....
အရင်တုန်းကမသိနားမလည်ခဲ့မိတာတွေအတွက်တောင်းပန်မယ်....
#အရေးတော်ပုံအောင်ရမည် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Paing Phyoe Thu’s Facebook Account