သရုပ်ဆောင်မင်းသမီးချောဘေဘီမောင်ကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသလို စကားပြောပွင့်လင်းပြီး အလှူအတန်းရက်ရောတတ်တဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်အများက အားပေးချစ်ခင်နေကြတာပါ..။
လိုအပ်နေတဲ့ပြည်သူတွေအတွက် မကြာခဏဆိုသလို တတ်နိုင်တဲ့အင်အားလေးနဲ့ဖေးမကူညီတတ်တဲ့ဘေဘီမောင်ကတော့ အခုလိုစီးပွားရေးတွေအစစအရာရာခက်ခဲနေကြတဲ့ အချိန်မှာလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေတာ တွေ့ရပါတယ်..။
ဒီကနေ့မှာလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ချစ်သူနှစ်ယောက်ကတော့ ရွှေပေါက်ကံမှာနေထိုင်ကြတဲ့ ချို့တဲ့ပြီးအခက်အခဲတွေနဲ့ရင်ဆိုက်နေကြရတဲ့ နားမကြားတဲ့အဖွားနဲ့ လေဖြန်းနေတဲ့အဖိုးတို့ဇနီးမောင်နှံအတွက် လိုအပ်တာတွေကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြပြန်ပါတယ်..။
အဖိုးနဲ့အဖွားအတွက် ဆန်၊ဆီ အစားအသောက်၊ ဆေးဝါးနဲ့ အခြားလိုအပ်တာတွေအပြင် အလှူငွေတွေကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဝမ်းသာမျက်ရည်ကျနေတဲ့အဖိုးကိုလည်း ကရုဏာသက်စွာနဲ့ အားပေးစကားလေးတွေ ပြောကာဖေးမခဲ့တာလည်း တွေ့ရပါတယ်..။
"စားဝတ်နေရေးအတွက် ဒုက္ခရောက်နေရှာတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားကို ဆန်ဆီလိုအပ်တဲ့စားဖွယ်ရာများ ဆေးဝါးများနဲ့အလှူငွေ ၂သိန်း ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူူဒါန်းခဲ့ပါတယ်ရှင့်???????
ဖွားဖွားကလေအရမ်းဝမ်းသာနေရှာတယ် ဖိုးဖိုးကတော့ဝမ်းသာမျက်ရည်လေးပါကျနေတာပေါ့ရှင်?ခြေထောက်က လေဖျန်းထားတော့အားငယ်နေရှာတယ်?အိမ်ဌါးပြီးနေရရှာတာ လောလောဆယ်လစာမယူသေးထားပေးထားတဲ့အမရယ် ကျေးဇူးတင်ပါတယ်ရှင်???
ဘေဘီနဲ့တူတူပါဝင်လှူဒါန်းကုသိုလ်ပြုခဲ့တဲ့စေတနာရှင်များလည်းသာဓုခေါ်ပေးပါနော်???????..” ဆိုပြီး သူမရဲ့အလှူလေးကို ဝေမျှထားတာပါ..။
သတင်း အရင်းအမြစ်៖ Baby Maung's Fb Acc