အဆိုတော် G Fatt ကတော့ တေးသီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနေတဲ့ လူငယ်တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လူငယ်ပီပီ အမှန်တရားဘက်ကနေ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ ကျရာအခန်းကဏ္ဍကနေ ကူညီဆောင်ရွက်ပေးနေတဲ့ G Fatt ကိုတော့ ပရိသတ်တွေအားလုံးက လေးစားနေကြတာပါ။
လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက်စာမျက်နှာတွင် အမြဲရေးသားဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း G Fatt ရဲ့ Facebook အကောင့်တွင် လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေတဲ့ လူငယ်တွေကို အပြစ်မမြင်ဘဲ အကောင်းဘက်ကတွေးပေးကြဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ " နည်းနည်းပင်ပန်းလို့ ခဏနားတာတော့ရှိမယ် သွေးအေးနေတာမဟုတ်ဘူး ။ လူတွေ အသလွတ်သတ်နေလို့ ဘယ်နည်းလမ်းကောင်းမလဲ ခဏစဥ်းစားတာလည်း ဖြစ်တယ် ။ ဒီမတရားမှုတွေအပေါ် နေသားကျသွားစရာ အကြောင်းမရှိဘူး။ လမ်းတွေအဖယ်ခံရတိုင်း ရင်ထဲက မတရားမှုတွေကလမ်းတွေလို ရှင်းသွားမှာမဟုတ်ဘူး ။ ရပ်ကွက်ထဲက ဒလန်တွေလည်း မြဲမြဲမှတ်ထား ခင်ဗျားတို့လုပ်ရက်အတွက်ဘဝပေး အသက်ပေးလိုက်ရတဲ့ လူငယ်တွေကိုယ်စား ကျန်တဲ့လူငယ်ပေါင်းများစွာက ခင်ဗျားတို့ကိုဘယ်တော့မှကမ္ဘာမကြေဘူး ။ ခေါင်းကိုချည်းတည်ပစ်ခဲ့ကြတဲ့သူတွေလည်း နောင်တစ်ချိန်ဘယ်အကြောင်းပြချက်ပေးပေးကျွန်တော်တို့ခွင့်လွှတ်မှာမဟုတ်ဘူး ။ ဆိုတော့ .. စည်းလုံးမှုအားဟာ အရှိန်မကျပါဘူး ။
ကန့်လန့်လိုက်တိုက်မယ့် လူကြီးတစ်ချို့ရှိပေမယ့် တစ်ကယ်အားတက်သရော ပါဝင် ကြတဲ့ လူကြီးတွေလဲ ဒုနဲ့ဒေးပဲဘယ်သူကန့်ကွက် ကန့်ကွက် ကျွန်တော်တို့က ဒီမတရားမှုတွေကို တွန်းလှန်မှာပဲ ။ ကျွန်တော်တို့ GZ တွေကို ကာကွယ်ဖေးမမယ် ။ သူတို့အောင်ပွဲအတွက် ကျွန်တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စဥ်းစားဝန်းရံမယ် ။အားပေးဖေးမမယ် ။ လူကြီးတစ်ချို့လည်း အမြင်ပြောင်းစေချင်တယ် တစ်ခြားနိုင်ငံက လူငယ်တွေကို "တော်လိုက်တာ" "ထက်မြက်လိုက်ကြတာ" စသဖြင့် အားကျ ချီးကျူးဖူးတယ် မလား ? ကျွန်တော်တို့ဆီက ကလေးတွေမှာလည်း အဲ့ထက်မလျော့တဲ့အရည်အချင်းတွေရှိတယ် ၊ နိုင်ငံခြားသားတစ်ယောက် မြင်တိုင်း Auto အထင်ကြီးစိတ်ဝင်တဲ့မျိုးဆက်မဟုတ်ဘူး ။ရင်ဘောင်တန်းပြမယ့် မျိုးဆက်ဖြစ်တယ် ။ ဒီအရေးတော်ပုံအောင်လို့ ဒီမိုကရေစီရရင် ဒီနိုင်ငံကို သူတို့ လက်နဲ့ ဆွဲတင်ပြကြလိမ့်မယ် ။ စောင့်ကြည့်။ အဓိကပြောချင်တာကတော့ ကလေးတွေကိုအားပေးပါ ၊ ကာကွယ်ပါ ၊ ဝိုင်းစောင့်လျောက်ပါ။ ဦးလေးတို့အကြောက်တရားနဲ့အန်တီတို့စိုးရိမ်စိတ်ကို ကျွန်တော်တို့နားလည်ပါတယ် ။ ဒီပွဲမနိုင်နိုင်ဘူးလို့ ဦးတို့အန်တီတို့ ထင်နေတာလည်း နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော် တို့မှာ ယုံကြည်ချက်တွေရော အနာဂါတ်တွေရော အမှားအမှန်ခွဲခြားနိုင်စွမ်းတွေရော တိုင်းပြည်ကိုချစ်စိတ်တွေရော အပြည့်ရှိတယ် ။ " ဆိုပြီး ရေးသားထားတာကို ပရိသတ်တွေလည်း သိရှိစေရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- G Fatt’s Facebook Account