လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကိစ္စကြောင့် ပြည်သူတွေဟာ စည်းလုံးညီညွတ်စွာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေကြပါတယ်။ Generation XYZ တွေဟာလည်း အတူတကွ စည်းလုံးကာ ဆန္ဒပြပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် အတာအဆီးများပြုလုပ်ထားခြင်းနှင့် ဒိုင်များကို ကိုင်ကာ အချင်းချင်း ကာကွယ်ပေးနေကြတာကို တွေ့ရှိကြရမှာပါ။ ဖြိုခွဲခံရမှုတွေလည်း အမြဲတမ်း တွေ့ကြုံနေရပေမယ့် ယနေ့ချိန်ထိ ဆက်လက် ဆန္ဒပြကြလျက်ရှိပါတယ်။
မတ်လ(၁၄)ရက်နေ့ ရန်ကုန်မြို့ သာကေတမြို့နယ်တွင်လည်း ပြည်သူများဟာ စည်းလုံးညီညွှတ်မှု စည်းကမ်းရှိမှုတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတွေ့ရှိကြရမှာပါ။ " မနေ့ညတုန်းကတော့ နည်းနည်းမငြိမ်မသက်ဖြစ်သွားသေးတယ် ဒီနေ့လည်ထိတော့ အခြေနေအေးဆေးပါဘဲ ကလေးတွေကိုဘဲ စိတ်ပူတယ် နေပူရတဲ့ကြားထဲ သူတို့ရဲ့အနာဂတ်အတွက်သူတို့ကိုယ်တိုင် အပင်ပန်းခံနေကြရတယ်" လို့ ဆန္ဒထုတ်ဖော်သူ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
Generation XYZ တွေဟာ လက်ရှိအချိန်မှာ မိမိတို့ရဲ့ အနာဂတ်မပျောက်ရေးအတွက် ခုလိုမျိုး နေ့စဉ်ဆက်တိုက်ဆိုသလို နေပူတဲ့ကြားထဲက လမ်းမပေါ်ထွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ပြည်သူတွေဟာလဲ သူတို့နဲ့အတူ စည်းလုံးညီညွတ်စွာ ဆန္ဒထုတ်ဖော်ပြသလျက်ရှိပါတယ်။ ယနေ့ မတ်လ ၁၄ ရက် သာကေတမြို့နယ်က ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေတဲ့ ဓာတ်ပုံတွေကိုလည်း တင်ပြလိုက်ပါတယ်။