စမ်းချောင်းမြို့နယ်အတွင်းမှာတော့ ဒီကနေ့မနက်ပိုင်းလောက်ထဲက ဆန္ဒထုတ်ဖော်သူ ပြည်သူတွေ များစွာရှိနေတာကိုတွေ့ရပါတယ်။
ကျွန်းတောလမ်းမပေါ်မှာဆိုရင်လည်း လမ်းတွေကို အကာအရံအတားအဆီးတွေ ပြုလုပ်ပီး ဆန္ဒထုတ်ဖော်သူ ပြည်သူတွေ များစွာရှိနေပါတယ်။
ဗဟိုလမ်းမပေါ်မှာဆိုရင် မနက်ပိုင်းလောက်ထဲကဆန္ဒပြပြည်သူဦးရေ ၂၀၀ ဝန်းကျင်လောက်ဟာ ကြွေးကြော် သံတွေနဲ့အတူ ဆန္ဒထုတ်ဖော်နေတာကိုတွေ့ရပါတယ်။
နေ့လည် ၁၂ နာရီဝန်းကျင်လောက်အထိ အခြေအနေက အေးအေးဆေးဆေး ရှိနေသေးသလို လူဦးရေကလည်း တိုးလာတာကို တွေ့ရပါတယ်။
နေ့လည် တစ်နာရီလောက်အရောက်မှာတော့ အသံဗုံးတွေ မျက်ရည်ယို ဗုံးတွေ ပစ်ခတ်ပီး လူစုခွဲခဲ့တာကို တွေ့ရပါတယ်။
ဒီလူစုခွဲ ဖြိုခွင်းခံရမှုအတွင်းမှာ ထိခိုက်သူဦးရေနဲ့ ဖမ်ဆီးခံရသူ ဦးရေဘယ်လောက်ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။