သပိတ်စစ်ကြောင်းနဲ့ အထိုင်သပိတ်တွေ အမြဲရှိနေတဲ့ လှိူင်မြို့နယ်အတွင်းမှာတော့ ဒီကနေ့မှာလည်း သပိတ်စစ်ကြောင်းတွေ ရှိနေတာကိုတွေ့ရပါတယ်။
ရပ်ကွက်အလိုက် ဆန္ဒထုတ်ဖော်သူတွေများစွာကိုလည်း တွေ့ရသလို တစ်လမ်းဝင်တစ်လမ်းထွက် ချီတက်ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေကိုလည်း တွေ့ရပါတယ်။
ကျောင်းသားတွေ ၊ လူငယ်ကဗျာဆရာတွေနဲ့ အလုပ်သမားပြည်သူတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာဆိုရင်လည်း လှိူင်မြို့နယ်အတွင်းမှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့ရပါတယ်။
ဒီသပိတ်စစ်ကြောင်းဟာ ကျွေးကျော်သံတွေနဲ့အတူ လှိုင်မြို့နယ်အတွင်းက ရပ်ကွက်တွေအတွင်းမှာ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့တာကိုတွေ့ရပါတယ်။
ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့ မတ်က ၃ ရက်နေ့က တာမွေမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲကပြန်လွတ်လာတဲ့ သူတွေပါ ပါဝင်လာတာကိုတွေ့ရပါတယ်။
သူတို့ရဲ့ ပြောကြားချက်အရတော့ ထောင်ထဲမှာတုန်းက ပြင်းပြင်းထန်ထန် နှိပ်စက်ခံရမှုတွေ မရှိဘူးလို့ သိရပါတယ်။