လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေပါဝင်နေပေမယ့် မိသားစုကချို့တဲ့တာကြောင့် နောက်ကြောင်းမအေးရတဲ့အကြောင်းကိုရင်ဖွင့်လာတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/0a/0aeb7063c339586bc326a4c6a9e37d9ef8e7daa3.jpeg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေပါဝင်နေပေမယ့် မိသားစုကချို့တဲ့တာကြောင့် နောက်ကြောင်းမအေးရတဲ့အကြောင်းကိုရင်ဖွင့်လာတဲ့ လူငယ်လေးတစ်ဦး

မြို့တိုင်း၊နယ်တိုင်းမှာပြုလုပ်နေကြတဲ့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် လူမျိုးအသီးသီး၊အလွှာပေါင်းစုံကနေ အမှန်တရားအတွက် ပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။အခုအခြေအနေမှာဆိုရင် လူငယ်တွေအများအပြားကအရမ်းရဲရင့်ပြီး ရှေ့ဆုံးကနေ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးတွေထဲမှာဆိုရင် မိသားစုကပြည့်စုံတဲ့သူတွေလည်းရှိသလို အဆင်မပြေတဲ့သူတွေလည်းပါတာကြောင့် ပြည်သူတွေက အချင်းချင်းရိုင်းပင်းကူညီကြပြီး အရမ်းစည်းလုံးနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV 
Photo By Myanmarload TV 
Photo By Myanmarload TV 
Photo By Myanmarload TV 
Photo By Myanmarload TV 
Photo By Myanmarload TV 

တချို့လူငယ်လေးတွေဆိုရင် မိသားစုအဆင်မပြေလို့ ရင်မအေးရပေမယ့် ရှေ့ဆုံးကနေ ရဲရင့်စွာပါဝင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက်(၁၅)နှစ်ပဲရှိသေးတဲ့လူငယ်လေးက လူထုလှုပ်ရှားမှုတွေမှာ ဒိုင်းကိုင်ရတဲ့တာဝန်ယူပြီး တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးကတော့ ကျူးကျော်မှာနေရတာဖြစ်ပြီး မိသားစုကလည်းအဆင်မပြေတဲ့အခြေအနေဖြစ်ပါတယ်။ဒါ့ကြောင့် အဲ့ဒီလူငယ်လေးမှာ လမ်းမပေါ်နေ့တိုင်းထွက်နေရပေမယ့် နောက်ကြောင်းမအေးရဘဲ မိသားစုရဲ့စားဝတ်နေရေးကို စိတ်ပူနေရတာဖြစ်ပါတယ်။

Photo By Myanmarload TV 
Photo By Myanmarload TV 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၁၅)နှစ်အရွယ်လူငယ်လေးကတော့ လှုထုလှုပ်ရှားမှုတွေပြီးသွားလို့ အိမ်ပြန်တဲ့အခါ မိသားစုအတွက် စားစရာအချို့ကို ပြန်သယ်သွားတတ်ပါတယ်။အဲ့ဒီလူငယ်လေးက မိသားစုအပေါ်မှာလည်း ငဲ့ညှာတတ်ပြီး အမေနဲ့အဘွားတို့ရဲ့စားဝတ်နေရေးအခက်အခဲတွေကို ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ဒီလူငယ်လေးလိုပဲ မိသားစုကအဆင်မပြေတာတောင် အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်နေကြတဲ့ လူငယ်တွေလည်းအများအပြားရှိလောက်ပါတယ်။ဒါ့ကြောင့်မှလို့ သူတို့လေးတွေ နောက်ကြောင်းအေးအေးနဲ့ ရှေ့မှာပါဝင်လို့ရအောင် ပြည်သူတွေလည်းတတ်အားသ၍အားဖြည့်ပေးနိုင်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T