ရုပ်ရှင် သရုပ်ဆောင် မင်းသမီး ချောရတနာကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးအောင်မြင်ခဲ့ကာ ကျရာဇာတ်ရုပ်ကို ပီပြင်ပေါ်လွင်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကိုပါ ဆွတ် ခူးနိုင်ခဲ့တာ ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ချောရတနာက ပြည် တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကြောင့် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတာ ဖြစ်ပါတယ်။
သူမက ပြည်သူလူထုနဲ့အတူ လူငယ်တွေရဲ့ အနာဂတ်အတွက် အမှန်တရားကို ချစ်မြတ်နိုးကာ လူထုလှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပြီး မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင်လည်း မေတ္တာပို့ ဆုတောင်းပေးနေတာ ပဲဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ သူမရဲ့သမီးလေးCo Co (၃နှစ်)ပြည့်အတွက် မွေးနေ့ကို အိမ်မှာပဲ သမီးလေးပျော်အောင် Birthday Cake ခွဲပေးပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မေမေချောရတနာက "အသဲလေး Co Co စွာတေးလေး ၃နှစ်ပြည့်?သူအရမ်း Zoo သွားချင်နေတယ် ?သူအရမ်းကျောင်းတက်ချင်နေပြီ?ဒီနှစ်မလုပ်ပေးနိုင်ခဲ့ ဘူး ?မိဘတွေကတော့ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ အိမ်မှာပဲ Birthday Cake ခွဲပေးပြီး တက်နိုင်သလောက် သူလေး ပျော်အောင် ဖန်တီးရတာပေါ့ ?????????"ဆိုပြီး လူမူကွန်ယက် စာမျက်နှာထက်တွင် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် ချစ်စရာ သမီးလေး CoCo ရဲ့ မွေးနေ့ကို ဆုတောင်းစကားလေးပြောနိုင်ဖို့အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Chaw Yadanar FB Account