ဒီတစ်ခါမှာတော့ တကယ့်ကို လေးစားချီးကျူးဖို့ကောင်းတဲ့ စေတနာရှင်တွေရဲ့အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။ သူတို့ကတော့ ကျူးရပ်ကွက်မှာ နေထိုင်ပေမယ့်လည်း မြင့်မြတ်တဲ့စိတ်သဘောထားနဲ့ စာနာစိတ်အပြည့်ရှိတဲ့ ပြည်သူတွေထဲက ပြည်သူတစ်ချို့ပဲ ဖြစ်ပါတယ် ။ သူတို့နဲ့ဆုံတွေ့ခွင့်ရခဲ့တဲ့ လူတစ်ဦးကပဲ ဒီအကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့ရာကနေ ဖတ်ရှုသူများပြားပြီး အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။
ဒီစာကိုရေးသားခဲ့တဲ့ လူတစ်ဦးက သူ့အနေနဲ့ ပြေးရင်းလွှားရင်း ကျူးတွေနေတဲ့ရပ်ကွက်တစ်ခုထဲကို ရောက်ရှိသွားခဲ့ကြောင်း အရင်ဆုံးပြောပြထားတာ ဖြစ်ပါတယ် ။ ဗိုက်ဆာပြီး အိပ်ရေးမဝဖြစ်နေတဲ့ သူ့ကိုတော့ စေတနာရှင်တွေက ကော်ဖီတွေဖျော်တိုက်ခဲ့သလို နေ့လည်စာစားချိန်ရောက်တဲ့အခါမှာလည်း အသားတုပဲဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော်တွေနဲ့ အရသာရှိရှိ ချက်ကျွေးခဲ့ကြောင်း ဆက်လက်ပြောပြခဲ့တာ ဖြစ်ပါတယ်။ လိုလေသေးမရှိအောင် ဧည့်ခံခဲ့တဲ့ ကျေးဇူးရှင်တွေရဲ့မျက်နှာမှာတော့ စေတနာပီတိတွေကို မြင်တွေ့ခဲ့ရတယ်လို့လည်း သူကရေးသားခဲ့တာ ဖြစ်ပါတယ် ။
တကယ်ဒုက္ခရောက်လာတဲ့အချိန်မှာ ကူညီပေးခဲ့တဲ့ ကျူးရပ်ကွက်ကစေတနာရှင်တွေကြောင့် အရင်ကတွေးခဲ့မိတဲ့ အတွေးမှားတွေအတွက် သူ့ကိုယ်သူရှက်ရွှံ့မိကြောင်းကိုလည်း သူကဝန်ခံခဲ့ပါသေးတယ်။ ဒီစာရဲ့အဆုံးသတ်မှာတော့ "ထမင်းကျွေး နေစရာပေးခဲ့တဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင် ကျူးကျော်က ကျေးဇူးရှင်တွေကိုလည်း တော်လှန်ရေးကြီးပြီးတဲ့အခါ တွေ့ချင်ပါသေးတယ်ဗျာ???" ဆိုပြီး ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ လောကမှာ ငွေကြေးမချမ်းသာပေမယ့်လည်း စိတ်ဓာတ်ချမ်းသာတဲ့သူတွေအများအပြားရှိနေသေးကြောင်းကို ဒီအဖြစ်အပျက်က သက်သေပြလိုက်နိုင်တာပဲ ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader