မြန်မာပြည်သူ၊ပြည်သားတွေကတော့ နဂိုကတည်းက စေတနာနဲ့ မေတ္တာတရားကြီးမားကြပြီး လူသားချင်းစာနာထောက်ထားစိတ်လည်း အပြည့်အဝရှိကြပါတယ်။ဒါ့ကြောင့်မှလို့ မြန်မာလူမျိုးတွေက အကူအညီလိုအပ်နေတဲ့သူကိုတွေ့ရင် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြတာဖြစ်ပါတယ်။လတ်တလောအခြေအနေမှာဆိုရင်လည်းပြည်သူလူထုက အချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး လုပ်အားဒါန၊ငွေအားဒါနတွေနဲ့လည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ဒီလိုအချိန်ကာလကြီးမှာမှ အဘိုးတစ်ယောက်က super glueတွေနဲ့ မီးခြစ်တွေကို အောင်ဆန်းကွင်းနား၊ဂျိုးဖြူလမ်းကြားထဲမှာ ထိုင်ရောင်းနေတာဖြစ်ပါတယ်။အဘိုး ဈေးထိုင်ရောင်းတဲ့ နေရာလေးကလူသွားလူလာလည်း သိပ်မရှိတာကြောင့် သူ့အတွက် အရမ်းခက်ခဲလောက်ပါတယ်။ပြည်သူတစ်ဦးကတော့”ကျွန်တော်လည်း ပုံမှန်အဲ့လမ်းကဖြတ်နေကြပါ ၁၀ခါမှာ၁ခါတောင် ဦးလေးကြီးကို ဘာမှမပေးဖူးပါဘူး ဒါပေမယ့်ဒီနေ့ဦးလေးကြီးပုံစံတစ်မျိုးကြီး ဖြစ်နေလို့ ဝင်မေးကြည့်ပါတယ် ဦးလေးကြီးက နေမကောင်းဘူးလို့ပြောပါတယ်။သင်္ကန်းကျွန်းကနေလာတာလို့လည်းပြောပါတယ်။ကျွန်တော်ရတဲ့မုန့်ဖိုးလေး အနည်းငယ်နဲ့ မုန့်တွေ ပေးခဲ့ပါသေးတယ်။
Panda ညီအစ်ကိုများ အဲ့လမ်းကဖြတ်ခဲ့ရင် ၁၀ခါမှာ ၁ခါဖြစ်ဖြစ်မုန့်ဖိုးလေးထဲကနေ ၁၀၀/၂၀၀ ဖြစ်ဖြစ် ဦးလေးကြီးရဲ့လမ်းစရိတ်လေးရရင်တောင်ဦးလေးကြီး ဝမ်းသာမိမှာပါ။ ဦးလေး က Super ဂလူးတွေ /မီးခြစ်တွေရောင်းနေပေမယ့်ဦးလေးကြီးက ဘယ်သူ့ကိုမှလက်ဖြန့်တောင်းတာ မတွေ့ပါဘူး။ လူအသွားလာ သိပ်မရှိတဲ့ ဂျိုးဖြူ လမ်းကြားလေးထဲက(စျေးသည်ဦးလေးကြီး)နေကောင်းကျန်းမာပါစေ....”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားတာဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်း ဒီအဘိုးကိုသွားတွေ့ပြီး တတ်နိုင်သလောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။အခုလိုကာလမျိုးမှာ ခက်ခက်ခဲခဲနဲ့ ဝမ်းရေးဖြေရှင်းနေရတဲ့ ဒီအဘိုးကို တစ်နိုင်တစ်ပိုင်လေး ကူညီပေးကြပါဦးနော်။
Source&Photo Credit: Original Uploder