လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလုထုအနေနဲ့တတ်အားသရွေ့လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာတာနဲ့အမျှ ပြည်သူလူထုအတွက် သတင်းမှန်စီးဆင်းမှုရှိဖို့ရန်သည်လည်းအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေပါ၀င်နေတာဖြစ်ပါတယ်နော်။ မြန်မာပြည်သူလုထုဟာ လက်ရှိအခြေအနေမှာဆိုရင် social media platformsအနေနဲ့ Facebookကိုသာမက Twitterကိုပါကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။
Twitterအသုံးပြုသူများထဲမှာမှ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး Twitterမှာလည်း တက်ကြွစွာလှုပ်ရှားနေကြတဲ့အနုပညာရှင်အချို့နဲ့ Influencers အချို့ကို ပရိသတ်တွေအနေနဲ့ Followလုပ်ထားနိုင်အောင် တစ်စုတစည်းထဲဖော်ပြပေးချင်ပါတယ်။ ဒီထဲမှာဆိုရင် ပရိသတ်တွေချစ်ကြတဲ့အနုပညာရှင်တွေလည်းပါ၀င်သလို သက်ဆိုင်ရာဂဏ္ဍအသီးသီးမှာအောင်မြင်မှုရရှိထားတဲ့သူတွေလည်းအများအပြားပါ၀င်နေတာကိုတွေ့ရမှာဖြစ်ပါတယ်နော်......။
ဖော်ပြပေးချင်တဲ့စာရင်းအနေနဲ့ လောလောဆယ်မှာတော့ (၁)ဒေါက်တာဆာဆာ။(၂)ဇာဏ်ခီ။(၃)ဦးသန်းမြင့်ဦး။(၄)ဒေါင်း။(၅)အိန္ဒြာကျော်ဇင်။(၆)မရတ်ကျော်သူ။(၇)စိုးဇေယျာထွန်း။(၈)ပိုင်ဖြိုးသု။(၉)ဏကြီး။(၁၀)ဟန်နာယူရီ။(၁၁)ချမ်းမြမြသော်။(၁၂)မေတိုးခိုင်။(၁၃)ပိုးမမှီသာ။(၁၄)ယွန်း၀တီလွင်မိုး။(၁၅)မြတ်နိုးအေးတို့ပဲဖြစ်ကြပါတယ်။ နောက်ထပ်လည်းတက်ကြွစွာပါ၀င်လှုပ်ရှားနေကြတဲ့သူများရဲ့စာရင်းကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်......။
သတင်း အရင်းအမြစ်៖ Myanmarload