ပရိသတ်ကြီးရေ.. မမဆောင်းလို့ဆိုလိုက်တာနဲ့ စကားပြောပွင့်လင်းမှုတွေကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်သရုပ်ဆောင်ဆောင်းအိနြေ္ဒထွန်းကို အားလုံးပဲမြင်ယောင်မိကြမှာပါ..။
မမဆောင်းကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူပရိသတ်တွေအတွက် လမ်းပေါ်ထွက်လှူဒါန်းမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှထားတာ တွေ့ရပါတယ်..။
မမဆောင်းတို့အဖွဲ့ဟာ ဒီကနေ့မတ်လ(၇)ရက်နေ့မနက်ပိုင်းက တော်လှန်ရေးတိုက်ပွဲဝင်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ သူရဲကောင်းပြည်သူတွေအတွက် တာမွေဘက်မှာ အစားအသောက်တွေ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
အခုလိုအချိန်မှာအပင်ပန်းခံပြီး လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေအတွက် မမဆောင်းကလည်း တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပါဝင်ပြီး ကိုယ်တိုင်လမ်းပေါ်ထွက်အလှူလေးတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။
"ဒီနေ့ ပင်ပန်းနေတဲ့ သူတွေကို တာမွေဘက်မှာ အားပေး ကုသိုလ်ယူ
အန္တရာယ်ကင်းကြပါစေနော် ?.." ဆိုပြီးဆုတောင်းစကားလေးနဲ့အတူ သူမရဲ့အလှူပုံရိပ်လေးတွေကိုလည်း မမဆောင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။
အင်တိုက်အားတိုက် အားဖြည့်ပါဝင်လှူဒါန်းနေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ မမဆောင်းက သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Saung Eindaray Tun's Fb Acc