ပြည်သူလူထုကတော့ အခက်အခဲတွေများစွာရှိကြပေမယ့်လည်း စိတ်အားထက်သန်မှုအပြည့်နဲ့ နွေဦးတော်လှန်ရေးကို နေရာဒေသကိုယ်စီမှာ ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ယနေ့မှာတော့ နွေဦးတော်လှန်ရေးကို ဆင်နွှဲကြရင်း ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အနုပညာရှင်တွေများစွာကလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ရုံသာမက နိုင်ငံအတွက် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေ လှူဒါန်းပေးလေ့ရှိပါတယ်။
ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ မင်းမော်ကွန်းကတော့ လူထုလှုပ်ရှားမှုတွေစတင်တဲ့နေ့ကတည်း ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ မင်းမော်ကွန်းတစ်ယောက် မြောက်ဥက္ကလာမှာပြုလုပ်နေတဲ့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ သူကတော့ မြောက်ဥက္ကလာမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို ကိုယ်တိုင်သွားရောက်အလေးပြုရင်း ပြည်သူတွေသွေးမအေးသွားကြဖို့ ပြောလိုက်ပါတယ်။
မင်းမော်ကွန်းကတော့ " မြောက်ဥက္ကလာ ဒီနေ့မနက်ပိုင်းအခြေအနေ "ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သွေးမအေးကြဖို့ ပြည်သူတွေကို ပြောနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ နွေဦးတော်လှန်ရေးပြုလုပ်နေကြတဲ့ ပြည်သူပြည်သားတွေအားလုံး ဘေးရန်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။
Source : kyaw kyaw htay lwin ' s facebook acc