သရုပ်ဆောင် မင်းသမီးချောတွေဖြစ်ကြတဲ့ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။ သူမတို့နှစ်ယောက်လုံးက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ကူညီပေးနေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပက်ထရစ်ရှာတို့နှစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကမ္ဘာကသိအောင် ပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။
ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့က အင်္ဂလိပ်စကားနဲ့ သေသေချာချာပြောပြပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို YouTube ,Instagram နဲ့ Twitter စတဲ့ Social Media တွေမှာ တင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ သူမတို့ရဲ့ဗီဒီယိုတွေက လူကြည့်များပြီး ထိုင်းနိုင်ငံရဲ့မီဒီယာတစ်ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပက်ထရစ်ရှာက "တစ်ခြား celebrities တွေလည်း speak up လုပ်ကြပါ ပြည်ပနိုင်ငံတွေရဲ့သတင်းမီဒီယာတွေမှာ ဖော်ပြခံရတဲ့အခါ ကိုယ့်နိုင်ငံအရေးအတွက် အထောက်အကူပြုပါတယ်" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။
မြတ်နိုးအေးကလည်း "ကိုယ့်နိုင်ငံမှာခံနေရတဲ့ မတရားခံရမှုအတွက် နိုင်ငံတကာကို ပြောပြချင်တယ် ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေမသိပါဘူး။ ပြောချင်ခဲ့တာပဲသိတယ်။ အဲ့တော့ ကိုယ့်မှာရှိတဲ့ ကိုယ်အားသာတဲ့ platform ကို သုံးပြီး ပြောခဲ့တာတွေ ခုလို သူများနိုင်ငံ media တွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်။ မကြောက်ဘူးလားဆိုတော့ ကြောက်ပါတယ် ။ ဒါပေမယ့် ဘာမှမလုပ်လို့ လိပ်ပြာမလုံဘဲနေရမှာကို ပိုကြောက်ပါတယ်။ အနာဂတ်တွေမဲ့မှာကို ပိုကြောက်ပါတယ်။ အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့ သူတစ်ယောက်ဖြစ်မှာကို ပိုကြောက်ပါတယ်။ မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦးမှာပါ ။" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ထိုင်းမီဒီယာမှာပါ ဖော်ပြခြင်းခံရတဲ့ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Source & Photo Credit-Patricia (Sue Sha Naing)'s FB Page & "Myat Noe Aye-မြတ်နိုးအေး"FB Page