ခုဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အလွှာအသီးသီးက အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ တစ်သားထဲရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။
ဒါ့အပြင် ယုံကြည်ချက်အတွက် ရဲရဲဝင့်ဝင့် မမောမပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေကိုလည်း အနုပညာရှင်အများအပြားက ဝိုင်းဝန်းကာ တတ်နိုင်သလောက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် အစားအသောက်တွေများစွာကိုလည်း ပေးဝေလှူဒါန်းခဲ့တာကိုလည်း ကြည်နူးစရာတွေ့မြင်ရပါတယ်။
ခုလိုအားဖြည့်ကူညီပေးနေတဲ့ အနုပညာရှင်တွေထဲမှာ မိုးစက်ဝိုင်လည်း အပါအဝင်ပါပဲနော်။ဒီနေ့မှာလည်း လမ်းပေါ်ထွက်ကာ ယုံကြည်ချက်တွေအတွက် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းလေးတွေကို Safety ဖြစ်စေရန် ဦးထုပ်နဲ့ မုန့်တွေအအေးတွေများစွာကိုယ်တိုင်လိုက်ဝေငှခဲ့ပြန်ပါတယ်။ပုံလေးတွေနဲ့အတူ " ပျောက်ကျားအလှူဒီနေ့ကတော့ ဒိုးနပ်လေးတွေအတွက် ဒိုးနပ် ၊ လက်ဖက်ထမင်းသုပ် နဲ့ မန်ကျီးအချိုရည် ၊ ကြာဇံကြော် ၊ ရေသန့် ၊ ရေခဲချောင်း တို့ ကို စုပေါင်းလှူဖြစ်ပါတယ် ၊ ပြေးလိုက် ၊ ပုန်းလိုက် လှူလိုက် နဲ့ ပါပဲ ၊ safety ကိုဦးစားပေးပါ၊ အဖွဲ့ထဲကမိန်းကလေးတွေကိုစောင့်ရှောက်ကြပါ ၊ ကာကွယ်ပေးကြပါ ၊ ဦးထုပ်အရမ်းအရေးကြီးပါတယ်နော် ၊ ဆောင်းထားပါ ၊ "ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit : Moeset Wine Facebook Account