လက်တလောဖြစ်ပေါ်နေတဲ့ ပြည်သူ့လှုပ်ရှားမှုတွေမှာ ဟိန်းမင်းသူ တစ်ယောက်ကတော့ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည် ပြီး ပြည်သူတွေနဲ့ အတူလှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့တာ ပဲ ဖြစ်ပါတယ်။ ပရိသတ် အချစ်တော် ဟိန်းမင်းသူကတော့ မော်ဒယ်လ် လောက ကနေ အနုပညာ လောကထဲ ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေ အခိုင်အမာ ရရှိထားတာ ပဲ ဖြစ်ပါတယ်။ ဟိန်းမင်းသူဟာ လက်ရှိမှာတော့ သီချင်းတွေကို ဖန်တီးနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲ ဖြစ်ပါတယ်။
ကျစ်လစ်တောင့်တင်းတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး စတိုင်စမက် ကျတာတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ဝန်းရံတာ ကို ခံနေရတဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ အနုပညာ အလုပ်တွေ ရပ်နားထားပြီး ပြည်သူ့လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း ပြည်သူလှုပ်ရှားမှုမှာ ပါဝင်ဖြစ်ခဲ့တဲ့ ပုံလေးတွေ ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။
"အေး ငါတို့မှာ သေနတ်တော့မပါဘူး
ဒါပေမယ့် သိပ်ကိုခံပြင်းတဲ့ ခံစားချက်တွေတော့ပါတယ်
Freedom From Fear......" ဆိုတဲ့ ခေါင်းစဥ်လေးတပ်ကာ ခံပြင်းတဲ့ ခံစားချက်တွေ နဲ့ ပြည်သူ့ရှေ့မှာ ရပ်တည် လှုရှားခဲ့တဲ့ ပုံလေးတွေကို ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ဒီပုံလေးတွေ ထဲမှာ ဟိန်းမင်းသူ တစ်ယောက်ဟာ ခံစားချက်ပြင်းတဲ့ အကြည့် ၊တက်ကြွတဲ့ ဟန်ပန်တွေနဲ့ ရဲဝံ့စွာ လူထု လှုပ်ရှား မှုမှာ ပါဝင်ခဲ့တာ ပဲ ဖြစ်ပါတယ်။ကဲ...ပရိသတ်ကြီးတို့အတွက် ဟိန်းမင်းသူရဲ့ လူထုလှုပ်ရှားမှုက ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်......။
သတင်း အရင်းအမြစ်៖ Hein Min Thu's FB Page