ပရိသတ်ကြီးရေ......ဒီတစ်ခါမှာတော့ တတ်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရာကနေ အောင်မြင် ကျော်ကြားလာခဲ့တာ ဖြစ်ပြီး သူမရဲ့ ကြိုးစား အားထုတ်မှုကြောင့် အချိန်တို အတွင်းမှာပဲ လူကြိုက်များပြီး ရေပန်းစားလာတဲ့ အနုပညာရှင် တစ်လက်ပဲ ဖြစ်ပါတယ်။ဝေလာရီဟာ "နှင်းဆီ"ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးရာကနေ လူသိများလာတာ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ပီပြင် ကောင်းမွန်မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ဝန်းရံမှုကို ရရှိလာတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။
ဝေလာရီကတော့ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်သလို သူမရဲ့အစ်မဖြစ်သူ လိမ္မော်သီးနဲ့လည်း အတူ သီချင်းတွေကို သီဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ဝေလာရီကတော့ အနု ပညာအလုပ်တွေကို အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ချပြလေ့ရှိသူပဲ ဖြစ်ပါတယ်။လတ်တ လောမှာဆိုရင်လည်း ပြည်သူတွေနဲ့ တစ်သား တည်း ရဲရဲဝင့်ဝင့် ရပ်တည်ကာ လမ်းမထက်တွင် လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြည်သူတွေနဲ့ ထပ်တူ ယုံကြည်ရာပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ သူမကတော့ လူမူကွန်ယက် စာမျက်နှာပေါ်တွင် "ပြည်သူထဲက ပြည်သူတစ်ယောက် တစ်သွေးတည်း တစ်သားတည်း❤️❤️❤️"ဆိုတဲ့ စာသားလေးနဲ့ အတူ လှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ဝေလာရီရဲ့ လှုပ်ရှားမှုကို ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်တာမို့ ထပ်ပြီး ချစ်ခင်အားပေးကြနိုင်ဖို့ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်........။
သတင်း အရင်းအမြစ်៖ Wai Lar Ri FB Account