ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင်
မေဦးကတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကို ဖန်တီးခြယ်သပေးရသူဖြစ်လို့ မသိသူမရှိသလောက်ရှားပါတယ်နော်။ မေဦးရဲ့ မိတ်ကပ်အပြင်အဆင်တွေကလည်း တကယ်ကို လှပပြီး ဆန်းသစ်တာဖြစ်လို့ ပြုပြင်သူတိုင်းက သဘောကျအကြိုက်တွေ့ကြတာပဲ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူ့ကို အနုပညာရှင်တွေသာမကပဲ ပရိသတ်တွေကပါ အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။
မေဦးက LGBT တစ်ယောက်ဖြစ်ပြီး သူချစ်ရတဲ့ ချစ်သူ ဟန်လေးနဲ့အတူ အများက အားကျရတဲ့ ကြည်နူးစရာ Relationship တစ်ခုကို တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဘာလုပ်လုပ် နှစ်ယောက်အတူတူ လုပ်ကိုင်လေ့ရှိတဲ့ မေဦးတို့ စုံတွဲလေးက ယနေ့မှာလည်း ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ရပ်တည်ဝန်းရံနေခဲ့ပါတယ်။ မေဦးကလည်း သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို တင်ပေးလာရင်း အခုလို ရေးသားလာခဲ့ပါသေးတယ်။
ဒါကတော့ မိတ်ကပ် မေဦးက " ဖုန်းတွေကို version updates အမြဲတမ်းမြှင့်ရသလို ငါတို့ရဲ့ energy တွေနဲ့စိတ်ဓာတ်တွေကို တစ်ရက်ထက်တစ်ရက်တိုးပြီး on ထားတယ်နော် အားလုံးညီရဲ့လားဟေ့ " ဆိုပြီး အားနဲ့မာန်နဲ့ ရေးသားလာတာပဲ ဖြစ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ဝန်းရံရပ်တည်နေတဲ့ မေဦးတို့ စုံတွဲရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Source - May Oo's Fb Account